အနီကဒ်ရသင့်တယ်လို့ သုံးသပ်ထားပါတယ်။

မော်ရင်ဟိုကတော့ ပြီးခဲ့တဲ့ မန်စီးတီးနဲ့ပွဲမှာ ဒိုင်တွေကို ပြင်းထန်စွာ စောဒဂက်တက်ခဲ့ပြီး မူလကတည်းကလည်း စိတ်ဆတ်တဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။

Image result for mourinho action in spur vs man city

ဘတ်ရှုဝါရီကို ကန်ကျောက်ဟန်ပြုမူခဲ့ပေမယ့် မက်ဂွဲယားကတော့ ကွင်းလယ်ဒိုင်လူကြီးရဲ့ မမြင်မှုကြောင့် အနီကဒ် ပြစ်ဒဏ်က လွတ်မြောက်ခဲ့ပါတယ်။

ဒီအပေါ်မှာတော့ Sky Sportsရဲ့ အားကစားသုံးသပ်သူ ယူနိုက်တက် ကစားသမားဟောင်း ပေါလ်စခိုးလ်က ချဲလ်ဆီးနည်းပြ လမ်းပတ်နေရာမှာ မော်ရင်ဟိုဆိုရင်တော့ ကွင်းလယ်ဒိုင်လူကြီး လစ်လျူရှုနိုင်မှာ မဟုတ်ပဲ မက်ဂွဲယား ထုတ်ခံရလောက်တယ်လို့ ပြောလာခဲ့ပါတယ်။

ယူနိုက်တက် နောက်ခံလူ မက်ဂွဲယားအနေနဲ့ လဲကျခဲ့ပြီးနောက် ဘတ်ရှုဝါရီကို ခြေထောက်နဲ့ကန်ဟန်ပြုလုပ် ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒါဟာ သူ့အနေနဲ့ ဘတ်ရှုဝါရီ သူ့အပေါ်လဲကျလာမှာကို စိုးရိမ်လို့ ရုတ်တရက် တုံ့ပြန်လိုက်မိတာ သာ ဖြစ်တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါသေးတယ်။


“ ချဲလ်ဆီး နည်းပြအဖွဲ့အနေနဲ့ ဒီ ဖြစ်စဥ်အပေါ်မှာ အခုထက်ပိုပြီး စိတ်ခံစားမှု ပိုမို မြင့်မားသင့်ပါတယ်၊ လမ်းပတ် နေရာမှာ မော်ရင်ဟိုဆိုရင်တော့ ဒီလောက် လွယ်လွယ် လွတ်မြောက်နိုင်မယ် မထင်ပါဘူး။ မော်ရင်ဟိုဆိုရင် ကဒ်ပြခံရလောက်သည်အထိ ဒိုင်တွေကို စောဒဂတက်မှာပါ။”လို့ ပေါလ်စခိုးလ်က သုံးသပ်ခဲ့တာပါ။

လမ်းပတ်ကတော့ ၂-၀ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် VAR စနစ်ကို အပြစ်တင်ဖို့လည်း ငြင်းဆန်ခဲ့သူလို့ သိရပါသေး တယ်။

ချဲလ်ဆီးကတော့ ဇူးမား၊ဂီရော့ဒ်တို့ရဲ့ သွင်းဂိုးတွေအပေါ် VAR စနစ်နဲ့ ပြန်လည်ပယ်ချခံခဲ့ရပြီး ယူနိုက်တက်ကို ၂-၀ နဲ့ အရေးနိမ့်ခဲ့တာပါ။

Image result for mourinho action in spur vs man city

“ မက်ဂွဲယားထုတ်ခံရသင့်ပါတယ်၊ကျွန်တော် တွေ့လိုက်တဲ့ ခဏလေးအတွင်းမှာပဲ သိသာပါတယ်။ဒါဆိုရင်ပွဲလည်း သိသိသာသာပြောင်းလဲသွားမှာပါ။”လို့ စခိုးလ်က ဆက်လက်ပြောပါသေးတယ်။

ပေါလ်စခိုးလ်အနေနဲ့ မော်ရင်ဟိုနဲ့ နှိုင်းယှဥ်ပြောရခြင်းမှာ မော်ရင်ဟိုအနေနဲ့ ဒေါသကြီးပြီး စိတ်မြန်လက်မြန်ရှိတဲ့ နည်းပြဖြစ်သလို အနီးစပ်ဆုံးအနေနဲ့လည်း ပြီးခဲ့တဲ့ မန်စီးတီးနဲ့ပွဲမှာ ကွင်းလယ်ဒိုင်က စတားလင်းကို အဝါကဒ် မပြတဲ့အပေါ် စတုတ္ထဒိုင်ကို ပြင်းထန်စွာ စောဒဂတက်ခဲ့တဲ့ အပြအမူက လတ်တလော ရေပန်းစားနေခဲ့တာ ကြေင့် ဖြစ်ပါတယ်။

Share

က္က