လိုအပ်ချိန်တိုင်းတော့ အနားမှာရှိနေပေးတတ်သူပါတဲ့။

Bobby Soxer ဟာ ချစ်သူဖြစ်တဲ့ လွှမ်းပိုင်က သူမအတွက်တော့ အားကိုးရတဲ့ ယောကျ်ားတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။ ချစ်သူ သက်တမ်း ၁၀ နှစ်အတွင်းမှာလည်း သူမကို အစ်ကိုတစ်ယောက်လို၊ အဖေတစ်ယောက်လို အနားမှာရှိနေတဲ့သူတစ်ယောက်ပါတဲ့။

Rapper အဆိုတော်မလေး ထက်ထက်(ခ) Bobby Soxer ကတော့ သူမနဲ့ ချစ်သူသက်တမ်း ၁၀နှစ်တာ လက်တွဲထားတဲ့ ချစ်သူလွှမ်းပိုင်ရဲ့ အကြောင်းကို ပြောပြလာပါတယ်။ လွှမ်းပိုင်လို ပုံစံမျိုးကိုပဲ သူမက နှစ်သက်တာပါလို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’သူကကျတော့ ချစ်တာကို ထုတ်မပြတာပါ။ ညီမက နဂိုကတည်းက သူ့ Type ကိုကြိုက်တာ။ Ro တဲ့ Type ကိုကြိုက်ရင် Ro တဲ့လူကို ရွေးမှာပေါ့နော်။ ဒါပေမယ့် တစ်ခါတလေကျရင် Ro စရာမလိုဘူး။ အသေးအဖွဲလေးတွေကို ကိုယ်က အိညောင်၊ အိညောင်လုပ်ရင် သူက သိပ်အဖက်မလုပ်တာမျိုးတော့ရှိတယ်။ ဒါပေမယ့် ထက်ကိုယ်တိုင်ကလည်း Ro တာတော့ သိပ်မကြိုက်ဘူး’’ လို့ ဆိုပါတယ်။

Bobby Soxer အတွက်တော့ လွှမ်းပိုင်က ရိုမန့်တစ်ဆန်တဲ့ ချစ်သူ မဟုတ်ပေမယ့် အားကိုးရတဲ့ ယောကျ်ားတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

‘’ သူက လိုအပ်တဲ့အရာဆိုရင် အဖေလို၊ အစ်ကိုလိုအထိ ရှိနေပေးတယ်။ အားကိုးရပါတယ်။ သူက ထက်ရဲ့ ဘေးနားမှာ တီတီတာတာတွေ မလုပ်တတ်ပေမယ့် လိုအပ်တဲ့အချိန်တိုင်း၊ အခက်အခဲရှိတဲ့ အချိန်တိိုင်း အရှေ့ကနေ တာဝန်ယူပြီးတော့ ရပ်နေပေးတဲ့ ယောကျ်ားလေးမျိုးပေါ့နော်’’ ဆိုပြီးတော့ မေလ ၂၀ ရက်နေ့ညက မိုးစက်ဝိုင်ရဲ့ မွေးနေ့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Htet Htet Aung

ချစ်သူ သက်တမ်း ၁၀ နှစ်ပြည့်မှာ လွှမ်းပိုင်ပေးတဲ့ ပန်းစည်းလက်ဆောင်လေးကြောင့် အရမ်းကို ပျော်ရွှင်ခဲ့ရပါတယ်တဲ့။ ဒီ ၁၀ နှစ်အတွင်းမှာ ဒုတိယအကြိမ်မြောက်ပေးတဲ့ ပန်းစည်းလက်ဆောင်ဖြစ်တယ်လို့လည်း သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။

‘’သူနဲ့ကြိုက်တုန်းက တစ်ခါ ပန်းစည်းပေးဖူးတယ်၊ အခု တစ်ခါနဲ့ဆိုရင်တော့ ဒါက ဒုတိယမြောက် ပန်းစည်းပေါ့နော်။ ဒါ ၁၀ နှစ်ပြည့်အတွက်ပေါ့နော်။ ပုံမှန်ကတော့ ၁ နှစ်ပြည့်တို့၊ ၂ နှစ်ပြည့်တို့ မှာ ဘာမှလည်း ထွေထွေထူးထူးလုပ်တာ မရှိပါဘူး။ သူငယ်ချင်းတွေနဲ့ တွေ့၊ မုန့်စား ဒီလောက်ပဲ။ ဒီနှစ်ကျတော့ ပန်းစည်းရတော့ ပျော်တာပေါ့နော်။ သူ့ကိုလည်းပြောထားတယ်၊ နေ့တိုင်း ပန်းစည်းမပေးနဲ့ တော်ကြာ မအံ့သြပဲ နေမယ်’’ လို့ ဆိုပါတယ်။

Photo: Htet Htet Aung

လွှမ်းပိုင်နဲ့ ထက်ထက်(Bobby Soxer) တို့ ချစ်သူ စုံတွဲလေးကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း ချစ်သူ သက်တမ်း ၁၀ နှစ်ပြည့်မှာ ပျော်ရွှင်ပါစေလို့ Facebook စာမျက်နှာပေါ်ကနေတဆင့် ဆုတောင်းပေးထားတာ တွေ့ရပါတယ်။ လက်ရှိမှာလည်း နှစ်ယောက်အတူတူ Hip Hop Fashion တွေ ရောင်းချတဲ့ High Skool Fashion Shop ကိုလည်း ဖွင့်လှစ်ထားတာ တွေ့ရပါတယ်။ 

Share

က္က