အက်ဖ်အေဖလား ကွာတားဖိုင်နယ်က ထွက်ခဲ့ရပြီးနောက် အခုလို ပြောခဲ့တာပါ။

မန်ယူအသင်းအနေနဲ့ နည်းပြ ဆိုးလ်ရှားလက်ထက် ပထမဆုံး ၂ ပွဲဆက် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပေသလို အက်ဖ်အေဖလား ကွာတားဖိုင်နယ်ကလည်း ထွက်ခဲ့ရတဲ့အခြေအနေမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို အဓိက ပစ်မှတ်ထားလာပြီလို့ သတိပေးလိုက်တာပါ။



မန်ယူကွင်းလယ်လူ နီမန်ဂျာ မာတစ်က လန်ဒန်ကလပ်တွေဖြစ်တဲ့ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ စပါးအသင်းတို့ကို သတိပေးစကားပြောသွားတယ်လို့ Metro သတင်းဌာနက ဖော်ပြပါတယ်။



မန်ယူအသင်းအနေနဲ့ အက်ဖ်အေဖလား ကွာတားအဆင့်က ထွက်ခဲ့ရတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် နေရာကို အဓိက ပစ်မှတ်ထားနေပြီ ဖြစ်ပြီး ရာသီအကုန်မှာ အဖျားမရှုးသွားရေး ကြိုးပမ်းလာမယ်လို့ မာတစ်က သတိပေးခဲ့တာလည်း ဖြစ်ပါတယ်။

မန်ယူအသင်းအနေနဲ့ ပရီးမီးယားလိဂ် အဆင့် ၄ နေရာကနေ အာဆင်နယ်ကို ၂-၀ နဲ့ ရှုံးလို့ လက်လွှတ်ခဲ့ရပြီး အဆင့် ၅ နေရာကို ရောက်ရှိနေခဲ့တာပါ။ အဲ့နောက် ဝုလ်အသင်းနဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာလည်း ၂-၁ ဂိုးနဲ့ ရှုံးပြီး ထွက်ခဲ့ရတာပါ။

ချန်ပီယံလိဂ်မှာတော့ ဘာစီလိုနာအသင်းနဲ့ ကွာတားဖိုင်နယ်မှာ တွေ့ဆုံနေပြီး ပရီးမီးယားလိဂ်မှာတော့ လာ မယ့်နှစ် ချန်ပီယံလိဂ် ဝင်ခွင့်နေရာအတွက် လန်ဒန် ၃ သင်းနဲ့အပြိုင် ကြိုးပမ်းရမှာဖြစ်ပါတယ်။

လက်ရှိ အမှတ်ပေးဇယားရဲ့ အခြေအနေမှာ အဆင့် ၃ နေရာက စပါးနဲ့ အဆင့် ၆ နေရာက ချဲလ်ဆီးအသင်းတို့ကြား ၄ မှတ်သာ ကွာဟနေပြီး အဆင့် ၃ နဲ့ အဆင့် ၄ ကလည်း ၁ မှတ်သာကွာဟနေတာပါ။

“အဆင့် ၄ အတွင်း ဝင်ဖို့ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားဖို့ လိုပါတယ်။ ဒီအတိုင်းတော့ မပြီးနိုင်ပါဘူး၊ ၈ ပွဲကစားဖို့ ကျန်ပါသေးတယ်။ ကျွန်တော်တို့ ဘယ်လောက်စွမ်းဆောင်နိုင်လဲဆိုတာ ပြသသွားမှာပါ။” လို့ မာတစ်က ကြုံးဝါးခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ လကို ပြန်ကြည့်ရင် ချဲလ်ဆီးအောက် ၁၁ မှတ်အကွာမှာ ရှိနေခဲ့တာ ဖြစ်ပြီး အခုချိန်မှာ သူတို့ရဲ့အပေါ်ကို ပြန်ရောက်နေပြီဆိုတာကိုလည်း မာတစ်က ညွှန်ပြခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က