ပိုင်ဖြိုးသုဟာ ‘’မီ’’ ရုပ်ရှင်ဇာတ်ကားကို လန်ဒန်မှာရှိတဲ့ မြန်မာသံအမတ်နဲ့အတူ ပရိသတ်များစွာတို့ရဲ့ အားပေးမှုရရှိခဲ့တာကြောင့် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ ဒီဇာတ်ကားကို ASEAN Film Festival 2019 မှာ ပြသခဲ့တာပါ။
Photo: Paing Phyo Thu
ပိုင်ဖြိုးသု က ‘’မီ’’ ရုပ်ရှင်ဇာတ်ကားကြီးကို လန်ဒန်မြို့မှာ ပြုလုပ်တဲ့ ASEAN Film Festival 2019 မှာ အောင်အောင်မြင်မြင် ပြသနိုင်ခဲ့တာကြောင့် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ ပရိသတ်အများကြီးကလည်း လာရောက်အားပေးခဲ့ကြပါတယ်တဲ့။
‘’မနေ့က London မြို့ SOAS University မှာ ကျင်းပတဲ့ ASEAN Film Festival မှာ သုသုတို့ရဲ့ 'မီ'ရုပ်ရှင်ပြသခွင့်ရခဲ့ပါတယ်။ မြန်မာသံအမတ်ကြီးမိသားစုနဲ့တကွ ရုံပြည့်လာရောက်အားပေးခဲ့ကြတဲ့ ပရိတ်သတ်အားလုံးကို သုသုတို့က ကျေးဇူးအများကြီးတင်ကြောင်း ပြောပါရစေရှင့်။ နောက်နောင်လည်း သုသုတို့လိုအပ်ချက်တွေကို တတ်နိုင်သမျှဖြည့်ဆည်းလို့ ပိုမိုကောင်းမွန်တဲ့ ရုပ်ရှင်တွေ ထုတ်လုပ်ဖန်တီးနိုင်အောင် ကြိုးစားသွားပါ့မယ်’’ ဆိုပြီးတော့ မေလ ၂၆ ရက်နေ့ ညနေ ၅ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: Paing Phyo Thu
မီ ရုပ်ရှင်ဇာတ်ကားကိုတော့ London မြို့မှာရှိတဲ့ Brunei Gallery Lecture Theatre မှာ မေလ ၂၅ ရက်နေ့ နေ့လယ် ၁ နာရီအချိန်မှာ က ပြသခဲ့တာဖြစ်ပါတယ်။ မီ ရုပ်ရှင်ဇာတ်ကားဟာ ဧပြီလ ၂၇ ရက်နေ့က မလေးရှားနိုင်ငံ ကူချင်းမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ASEAN International Flim Festival 2019 ပွဲကြီးမှာလည်း Best Director Of Photography ဆုကို ဒါရိုက်တာ ဏကြီးက ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
Photo: Paing Phyo Thu
ဒါရိုက်တာ ဏကြီးဟာ မီရုပ်ရှင်ဇာတ်ကားနဲ့ Star Awards ဆုပေးပွဲမှာ Best Cinematography award ဆုကို ရရှိခဲ့ဖူးပါတယ်။ မီ ရုပ်ရှင်ဇာတ်ကားဟာ မြန်မာနိုင်ငံမှာသာမက စင်ကာပူနိုင်ငံအထိပါ အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ စာရေးဆရာမကြီး ကြည်အေးရဲ့ နာမည်ကျော် ဝတ္ထုတွေထဲက ‘’မီ’’ ဆိုတဲ့ ဝတ္ထုကို ရုပ်ရှင်ဇာတ်ကားအဖြစ် ဒါရိုက်တာ ဏကြီးက ပုံဖော်ရိုက်ကူးခဲ့တာပါ။
Photo: Paing Phyo Thu
မီ ရုပ်ရှင်ဇာတ်ကားကြီးကို ဗစ်တိုးရီးယား ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ဏကြီးက ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် နေတိုး၊ ကျော်ကျော်ဗို၊ ရဲအောင်၊မင်းဦး၊ အောင်ရဲထိုက် နဲ့ ပိုင်ဖြိုးသု တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။