အာရှတိုက်သားတစ်ဦးအနေနဲ့ ဆွတ်ခူးခဲ့တာမို့လည်း ဆွန်ဟောင်မင်က အာရှရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နေတယ်ဆိုတာကိုလည်း သံသယကင်းရှင်းစေခဲ့ပါတယ်။
တော့တင်ဟမ်အသင်းရဲ့ တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ ၂၀၁၉ လန်ဒန်အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။ လူပုဂ္ဂိုလ် (၂၂)ဦး ပါဝင်တဲ့ ဆုရွေးချယ်ရေးအဖွဲ့က လန်ဒန်မြို့အခြေစိုက်ကလပ်အသင်းတွေရဲ့ ကစားသမားတစ်ဦးချင်းစီ စွမ်းဆောင်ရည်ကို အကဲဖြတ်ကာ ရွေးချယ်ပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။
ီရာသီမှာ စပါးအတွက် ပြိုင်ပွဲစုံ (၃၄)ပွဲကစားပေးထားပြီး (၁၆)ဂိုးအထိ သွင်းယူပေးထားတဲ့ ဆွန်ဟောင်မင်က ဒီဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၁၈ အာရှအားကစားပြိုင်ပွဲမှာ တောင်ကိုရီးယားအသင်းကို ရွှေတံဆိပ်ဆွတ်ခူးစေခဲ့သလို အာရှဖလားပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ်အထိ ဆွန်ဟောင်မင်က ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
ချန်ပီယံလိဂ်မှာ စပါးအသင်းက ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ နီးစပ်နေအောင် ဆွန်ဟောင်မင်က ခြေစွမ်းပြကစားပေးခဲ့သူ ဖြစ်ပါတယ်။ အသက် (၂၆)နှစ်အရွယ် ဆွန်ဟောင်မင်ဟာ ဒီဆုကို ရရှိဖို့အတွက် ပြီးခဲ့တဲ့နှစ်က ရရှိခဲ့တဲ့ အသင်းဖော် တိုက်စစ်မှူးဟယ်ရီကိန်း၊ အာဆင်နယ်တိုက်စစ်မှူး အော်ဘာမီယန်၊ ချယ်လ်လ်ဆီးက ဟာဇက်၊ ခရစ္စတယ်ပဲလေ့က တောင်းဆန့်တို့ကို ကျော်ဖြတ်ခဲ့ရပါတယ်။
ဘော်ဘီဇာမိုရာ၊ ဘော့ဝီလ်ဆင်၊ တိုနီကော့တီးတို့ ပါဝင်တဲ့ ကျွမ်းကျင်သူ ကစားသမားဟောင်း (၂၂)ဦးက ရွေးချယ်ပေးခဲ့တာ ဖြစ်တယ်လို့ Sky Sports က ဖော်ပြခဲ့ပါတယ်။ စပါးအတွက် ထူးထူးခြားခြားခြေစွမ်းပြခဲ့ပြီး ဟယ်ရီကိန်း နဲ့ ဒယ်လီအလီတို့ မပါဝင်နိုင်ချိန်မှာ အသင်းကို
အာရှတိုက်သားတစ်ဦးအနေနဲ့ ဆွတ်ခူးခဲ့တာမို့လည်း ဆွန်ဟောင်မင်က အာရှရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နေတယ်ဆိုတာကိုလည်း သံသယကင်းရှင်းစေခဲ့ပါတယ်။ ဆွန်ဟောင်မင်ရဲ့ ခြေစွမ်းပြမှုတွေကြောင့်လည်း စပါးက လုပ်ခလစာတိုးမြှင့်ပေးပြီး နောက်ထပ်
စာချုပ်သစ်ချုပ်ဆိုဖို့လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။