၅ နှစ် လိုင်စင်နဲ့လုပ်ငန်းထပ်မံလုပ်ဆောင်ခွင့် လျှောက်ထားခဲ့တာပါ

မကြာသေးမီက အရှေ့တောင်အာရှ စီးပွားရေးလုပ်ငန်းများကို ပြိုင်ဘက် Grab အငှားယာဉ်လုပ်ငန်းစုထံ လက်လွှဲရောင်းချခဲ့ရတဲ့ Uber ဟာ လန်ဒန်မှာ ရေရှည်ဝန်ဆောင်မှုပေးဖို့မဖြစ်နိုင်တော့တဲ့ အခြေအနေကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

 

လန်ဒန်သယ်ယူပို့ဆောင်ရေး TfL ဟာ အများပြည်သူလုံခြုံရေးနဲ့ဘေးကင်းရေးဆိုင်ရာ စိုးရိမ်ချက်တွေကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက Uber ရဲ့ လိုင်စင်ကို သိမ်းခဲ့တာ ဖြစ်ပြီး ယခုချိန်မှာတော့ Uber ရဲ့ လျှောက်လှဲချက်ကြောင့် ကာလတိုပရိုဂရမ်အနေနဲ့၁၅ လ ထပ်ပြီး လုပ်ငန်းလုပ်ဆောင်ခွင့် ပေးလိုက်တာပါ။ Uber ဟာ ကုမ္ပဏီအနေနဲ့ စိတ်ချလုံခြုံတဲ့ ဝန်ဆောင်မှု ပေးဖို့ပျက်ကွက်ခဲ့ပြီး အပြောင်းအလဲများ လုပ်ဆောင်သွားမယ်လို့တရားရုံးမှာ ဝန်ခံခဲ့ပြီးနောက် အခုလို လုပ်ငန်း ပြန်ပြီး လည်ပတ်ခွင့် ရလာတာလည်း ဖြစ်ပါတယ်။

Uber ဟာ လန်ဒန်မှာ ခန့်မှန်းခြေ တက္ကစီခရီးသည်ပေါင်း ၃.၆ သန်းကို အငှားယာဉ်မောင်း ၄၅၀၀၀ ကျော်နဲ့ဝန်ဆောင်မှုပေးနေတာ ဖြစ်ပြိး TfL ရဲ့ ပုဂ္ဂလိကအငှားယာဉ် ဝန်ဆောင်မှု လိုင်စင် အသိမ်းခံရပြီးနောက်မှာ အကြီးအကျယ် အထိနာခဲ့တာပါ။ ကမ္ဘာပေါ်ရှိ မြို့ပေါင်း ၆၀၀ ကျော်မှာ လုပ်ငန်းလည်ပတ်နေတဲ့ Uber ဟာ ယူကေမှာကိုပဲ မြို့ကြီး ၊ မြို့သေးပေါင်း ၄၀ ကျော်မှာ လုပ်ငန်းလည်ပတ်နေတာလည်း ဖြစ်ပါတယ်။ ဝက်စ်မင်စတာ မက်ဂစ်စထရစ်တရားရုံးမှာ ၂ ရက်ကြာ ကြားနာတဲ့ ဒီစီရင်ချက်အရ Uber ဟာ TfL ကို တရားရေးရင်ဆိုင်ခ ပေါင် ၄၂၅၀၀၀ ပေးဆောင်ဖို့လည်း အမိန့်ချမှတ်ခံရပါတယ်။

 

ဆက်စပ်သတင်း >> Uber ရဲ့ အရှေ့တောင်အာရှစီးပွားရေး လုပ်ငန်းများ Grab ဝယ်ယူ

 

ဒီအမိန့်နဲ့အတူ Uber ဟာ ယူကေမှာ ယာဉ်မောင်းနဲ့ယာဉ်စီး ခရီးသည်နှစ်ဘက်လုံးအတွက် ၂၄/၇ ဖုန်း support ပေးဖို့၊ ယာဉ်မောင်း ကိုင်ဆောင်တဲ့ လိုင်စင်ကို app မှာ ရှင်းရှင်းလင်းလင်း ဖော်ပြဖို့၊ ယာဉ်မောင်းများဟာ ခွင့်ပြုထားတဲ့ နေရာမှာပဲ app ကို သုံးဖို့၊ ၁၀ နာရီ ကားမောင်းပြီးတိုင်း ၆ နာရီ မဖြစ်မနေ အနားပေးဖို့၊ ပြင်းထန်တဲ့ အက်ဆီးဒင့်ကိစ္စများမှာ ရဲတပ်ဖွဲ့ကို သတင်းပေးနိုင်မယ့် Reporting system သစ် ထည့်သွင်းဖို့၊ အရည်အချင်းရှိ ယာဉ်မောင်းများအတွက် အခမဲ့ အာမခံအစီအစဉ်များ ၊ ယာဉ်မောင်းသစ်များအတွက် အကြံပေးဖွဲ့သစ် ဖွဲ့ဖို့နဲ့တစ်ခြား အစိုးရနဲ့ယဉ်ကျေးမှုအပြောင်းအလဲများအတိုင်း လုပ်ဆောင်ဖို့သဘောတူထားပါတယ်။

 

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက TfL ဆီက လိုင်စင်ပိတ်ခံရပြီးနောက် Uber ဟာ လန်ဒန်မှာ ၅ နှစ် လိုင်စင်နဲ့လုပ်ငန်းထပ်မံလုပ်ဆောင်ခွင့် လျှောက်ထားခဲ့ပေမယ့် ၁၅ လပဲ ဆက်ပြီး အလုပ်လုပ်ခွင့်ရတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က