အားငယ်ခဲ့တာမျိုးတွေ မရှိဘူး။

မေတိုးခိုင်က အခုလက်ရှိနဲ့ အများကြီးကွာခြားလွန်းတဲ့ ငယ်ငယ်တုန်းက ဓာတ်ပုံလေးကို ထုတ်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမကိုယ်သူမ ယုံကြည်ချက်အပြည့်ရှိခဲ့တယ်လို့ ဆိုပါတယ်။

Photo: May Toe Khine



သရုပ်ဆောင် မေတိုးခိုင်က လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက သူမရဲ့ ဓာတ်ပုံဟောင်းလေးကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီတုန်းက အခုလောက် မလှခဲ့ပေမယ့်လည်း စိတ်ဓာတ်မကျခဲ့ဘူးလို့ သူကပြောပါတယ်။

‘’လွန်ခဲ့တဲ့ ၁၀ နှစ် နဲ့ ခုနဲ့ ဘာကွာခဲ့လည်းဆိုတော့.. အရင်ကဖူး ကိုယ့်ကိုယ်ကိုယ် မချစ်တတ်ဘူး။ ယုံကြည်မှုမရှိဘူး။ သူများ opinion တွေ ထည့်ထည့်တွက်တယ် ဓာတ်ပုံရိုက်တိုင်း အမြဲပုန်းတတ်တယ်။ ကိုယ့်ကိုယ်ကို ပြန်ကြည့်တိုုင်း အားမရဘူး။ ခုတော့ကိုယ့်ကိုယ်ကိုယ် ပိုချစ်တတ်လာတယ်။ ကိုယ်ဖြစ်တည်မှုကို လက်ခံတတ်လာပြီ ကိုယ့်ကိုယ်ကိုယ်ချစ်လို့လည်း ဘယ်သူတွေ ဘယ်လောက်ပဲ တိုက်ခိုက်တိုက်ခိုက် စကားနာထိုးထိုး မ ဖြုံတော့ဘူး။ ယုံကြည်မှုအပြည့်ရှိလာတယ်’’ ဆိုပြီးတော့ ဇွန်လ ၁ ရက်နေ့ ညနေ ၆ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: RBV

မေတိုးခိုင်ရဲ့ အချစ်ရေးကတော့ လက်ရှိအချိန်ထိ Single ပါပဲလို့ ဆိုပါတယ်။ ကိုယ်တိုင်ကလည်း ကလေးတစ်ယောက်လို ပေါ့ပေါ့ပါးပါး နေရတာကို သဘောကျတယ်လို့ Be Young အလှကုန်ပစ္စည်းကြော်ငြာရိုက်ကွင်းမှာ ဖြေဆိုခဲ့တာပါ။

'' ကလေးလိုနေတတ်တာ ထက်စာရင် ကိုယ်တိုင်က လွတ်လွတ်လပ်လပ်နေရတာကို ပိုကြိုက်တယ်။ အခုချိန်မှာတော့ တစ်ယောက်တည်းပဲ သူငယ်ချင်းတွေကလည်း များတော့ သူတို့တွေနဲ့ပဲ အတူတူအချိန်ကုန်ဖြစ်တာ များတယ်။ အိမ်မှာဆိုရင် အကြီးဆုံးက အငယ်ဆုံးလိုပဲ လို့ပြော တယ်။ သုသု နဲ့ ဖိုးဓီတို့နဲ့လည်း တန်းတူ ကစားဖြစ်တယ်'' လို့ ဆိုပါတယ်။

Photo: May Toe Khine

မေတိုးခိုင်(May Toe Khine) ကို အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့ တူမလေးအဖြစ် ပရိသတ်တွေ စတင်သတိထားမိခဲ့တာပါ။ သူမကတော့ အခုလက်ရှိမှာ တီဗီကြော်ငြာတွေနဲ့ မဂ္ဂဇင်းအလှဓာတ်ပုံတွေ ရိုက်ကူးနေရတယ်လို့ သိရပါတယ်။ သူ့အနေနဲ့ အနုပညာ အလုပ်တွေ လုပ်တဲ့အခါအဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်ရဲ့ ၁၀၀ ရာခိုင်နှုန်းပံ့ပိုးမှုတွေရှိတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။ လက်ရှိ မှာ လည်း ပရိသတ်အခိုင်အမာရရှိပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က