ယူနိုက်တက်ရဲ့ ဒီနွေရာသီက ကျေနပ်စရာ သိပ်မကောင်းလှပါဘူး။

ယူနိုက်တက်ဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ အသင်းအတွက် လိုအပ်တဲ့ ကွင်းလယ်တစ်နေရာကို ပြင်ဆင်အားဖြည့်နိုင်ခဲ့ခြင်း မရှိပါဘူး။ မေဆင်မောင့်ကို ခေါ်ယူထားပေမယ့် ကွင်းလယ်ခံစစ်တစ်နေရာကို ယူနိုက်တက်တို့ ထပ်မံအားဖြည့်ဖို့ လိုအပ်ခဲ့တာပါ။



ဒီအတွက် အမ်မရာဘတ်နဲ့ တောက်လျှောက်သတင်းထွက်ခဲ့ပေမယ့် ခေါ်ယူနိုင်ခဲ့ခြင်း မရှိပါဘူး။ အမ်မရာဘတ်ကို ယူနိုက်တက်တို့ ကနဦး အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ဒီကြိုးစားမှုကို ဖီအိုရင်တီးနားဘက်က ငြင်းဆန်ပယ်ချခဲ့ပါတယ်။

သတင်းအချို့ရဲ့ ဖော်ပြချက်အရလည်း ယူနိုက်တက်ဟာ အမ်မရာဘတ်အတွက် လုံးဝကမ်းလှမ်းခဲ့ခြင်းမရှိကြောင်း သိရှိရပါတယ်။ အမ်မရာဘတ်ရဲ့ အေးဂျင့်ကတော့ ယူနိုက်တက်ရဲ့ လုပ်ပုံကိုင်ပုံတွေအပေါ် စိတ်ပျက်ခဲ့ပါတယ်။

အမ်မရာဘတ်ဟာ ယူနိုက်တက်ကို ပြောင်းရွှေ့လိုတာကြောင့် လက်ရှိရာသီစတင်ချိန်အထိ ဖီအိုရင်တီးနားနဲ့ ပူးပေါင်းခြင်းမရှိဘဲ တစ်ဦးတည်း သီးသန့်လေ့ကျင့်ခန်းတွေကိုသာ ပြုလုပ်ခဲ့တာပါ။ ဒါပေမယ့်လည်း အပြောင်းအရွှေ့ပိတ်ချိန်အထိ အမ်မရာဘတ် တစ်ယောက် ယူနိုက်တက်ကို မပြောင်းရွှေ့နိုင်ခဲ့ပါဘူး။


ဒါ့အပြင် ယူနိုက်တက်ဟာ မိုနာကို ကွင်းလယ်လူ ယူဆက်ဖ်ဖိုဖာနာကိုလည်း အပြီးသတ်ခေါ်ယူခွင့် ပါဝင်တဲ့ အငှားစာချုပ်နဲ့ ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒါကိုလည်း မိုနာကိုဘက်က ငြင်းဆန်ပယ်ချသွားခဲ့ကြောင်း ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဘယ်နောက်ခံလူနေရာအတွက် စပါး ဘယ်နောက်ခံလူ ရီဂီလွန်တစ်ယောက်ကိုသာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ အငှားနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က