ဒီလက္ခဏာတွေက သင့်ရဲ့လူနေမှုဘဝကို ထိခိုက်စေနိုင်ပါတယ်။

လိင်ကိစ္စဆိုတာက လူသားတယောက်ရဲ့ဘဝမှာ ရှောင်လွှဲလို့ရတဲ့ကိစ္စတရပ်မဟုတ်ပါဘူး။ အဓိကအရေးကြီးတာက လိင်ပိုင်းဆိုင်ရာ အသိပညာ ပြည့်ဝနေဖို့သာဖြစ်ပြီး အချိန်အခါနဲ့အခြေအနေအပေါ် မူတည်ရင်း လိုက်လျောညီထွေရှိနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် မလိုအပ်ဘဲ တချိန်လုံး လိင်စိတ်ပြင်းထန်တာက သင့်ရဲ့လူမှုဘဝကို ထိခိုက်စေနိုင်ပြီး ဒီလိုမျိုးဖြစ်လာပြီဆိုရင်တော့ ကိုယ့်စိတ်ကိုအာရုံလွှဲပြင်ဆင်သင့်သလို လိုအပ်လာရင် ဆရာဝန်နဲ့ပါ တိုင်ပင်ကုသသင့်ပါတယ်။



အဲ့ဒါကြောင့် ဒီလိုမျိုး လိုအပ်တာထက် လိင်စိတ်ဆန္ဒပိုမိုပြင်းပြနေသူတွေရဲ့ လက္ခဏာတွေကို ထောက်ရှုဆင်ခြင်နိုင်အောင်လို့ ဖော်ပြပေးလိုက်ပါတယ်။

Photo: Help Guide

လိင်ပိုင်းဆိုင်ရာကိစ္စတွေ အလွန်အကျွံပါဝင်ခြင်း

ညစ်ညမ်းကားတွေကြည့်တာ၊ တကိုယ်ရေအာသာဖြေတာနဲ့ လိင်ဆက်ဆံဖော်များစွာရှိနေတာတွေကို ရပ်တန့်နိုင်ဖို့ ကြိုးစားပြီးပြီလား။ ဒါတွေကို ရပ်တန့်နိုင်ဖို့ ကြိုးစားပေမယ့် ဘယ်လိုမှမရပ်တန့်နိုင်သေးဘူးဆိုရင်တော့ သင်က သေချာပေါက်ကို လိုအပ်တာထက် ပိုမိုပြီး လိင်စိတ်ဆန္ဒပြင်းပြနေပြီဖြစ်ပါတယ်။

လုပ်ငန်းဆောင်တာများကို လျစ်လျူရှုခြင်း

လိင်ကိစ္စအတွက်ပဲ လူကအာရုံရောက်နေပြီး ကျောင်း၊ ရုံးနဲ့ အိမ်ကိစ္စတွေ၊ မိသားစုအရေးတွေကို ဘာမှအာရုံမစိုက်နိုင်ဘူးဆိုရင်တော့ တော်တော်လေးဆိုးတဲ့ အနေအထားတရပ်လို့ သုံးသပ်ရမှာပါ။ မူးယစ်ဆေးစွဲနေတဲ့လူတွေလိုပဲ လိင်ဆက်ဆံဖို့၊ အပြာကားကြည့်ဖို့နဲ့ တကိုယ်ရေအာသာဖြေဖို့လောက်ကိုပဲ စွဲလမ်းနေတဲ့လူတွေ တကယ့်လက်တွေ့ဘဝမှာလည်း အမှန်တကယ်ရှိနေပါတယ်။ ဒါက သေချာပေါက် ကုသမှုခံယူရမယ့် ရောဂါလက္ခဏာတမျိုးဖြစ်ပါတယ်။

Photo: Freepik

အကျိုးဆက်တွေခံစားနေရသည့်တိုင် မစွန့်လွှတ်နိုင်ခြင်း

လိင်ပိုင်းဆိုင်ရာကိစ္စတွေကြောင့် မကောင်းတဲ့အကျိုးဆက်တွေကို ခံစားနေရသည့်တိုင် ဒါတွေကို မျက်နှာလွှဲခဲပစ်မလုပ်နိုင်သေးရင်တော့ သင်ရဲ့လိင်စိတ်ဆန္ဒက လိုအပ်တာထက် ပိုမိုဆိုးရွားနေပါတယ်။ ဥပမာပြောရရင် အိမ်ထောင်ရေးဖောက်ပြန်ခြင်းဖြစ်ပါတယ်။ မိမိအိမ်ထောင်ဖက်အပေါ် သစ္စာဖောက်နေတာကို ကိုယ်တိုင်ထိန်းသိမ်းချင်သည့်တိုင် အခြားသောအဖော်တယောက်နဲ့ လိင်ဆက်ဆံရခြင်းကို မက်မောနေတာမျိုးက ဆိုးရွားတဲ့အကျိုးဆက်တွေကို ခံစားရပါလိမ့်မယ်။ ဒါပေမယ့် ဒီအကျိုးဆက်တွေကိုပဲ အလူးအလဲနဲ့ ဆက်လက်ခံစားရင်း လိင်ကိစ္စအပေါ် စွဲလမ်းနှစ်သက်နေဆဲဖြစ်ပါတယ်။

Photo: HelpGuide

ညစ်ညမ်းအကြောင်းအရာများကိုသာ ရှာဖွေနေခြင်း

ညစ်ညမ်းစာပေ၊ ရုပ်ပုံနဲ့ ဇာတ်ကား၊ အကြောင်းအရာတွေကိုသာ အချိန်ပြည့်တစိုက်မတ်မတ် ရှာဖွေနေတာကလည်း သင့်ကို ထိခိုက်စေတဲ့ လိင်စွဲလမ်းမှုပြဿနာတရပ်ဖြစ်ပါတယ်။ အခြားသောကိစ္စရပ်တွေမှာ မတက်ကြွတော့ဘဲ လိင်ကိစ္စတခုတည်းအပေါ်မှာသာ စိတ်အားထက်သန်မှုရှိတော့တာက သေချာပေါက် ဆရာဝန်နဲ့တိုင်ပင်ကုသခံရမယ့် ရောဂါလက္ခဏာပဲဖြစ်ပါတယ်။

လိင်ကိစ္စအတွက်ပဲ အချိန်များစွာ သုံးစွဲခြင်း

ထင်ရှားတဲ့လက္ခဏာတခုဖြစ်ပြီး ဒီလက္ခဏာကတော့ သေချာပေါက် ကုသမှုခံယူရမယ့်လက္ခဏာ မဟုတ်သေးပေမယ့် သတိထားရမယ့် လက္ခဏာတခုလည်းဖြစ်ပါတယ်။ နာရီနဲ့ချီပြီး တကိုယ်ရေအာသာဖြေတာ၊ ညစ်ညမ်းကားတွေကြည့်တာ၊ လိင်ဆက်ဆံဖော်နဲ့ အချိန်တိုင်း လိင်ဆက်ဆံဖို့ပဲ လှုံ့ဆော်နေတာတွေကလည်း သင့်ရဲ့လိင်ပိုင်းဆိုင်ရာ စွဲလမ်းမှုအပေါ် မေးခွန်းထုတ်စရာဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် လိင်ကိစ္စအပေါ် လိုအပ်တာထက် စွဲလမ်းနေတဲ့ လက္ခဏာတရပ်ဆိုရင်လည်း သေချာပေါက် လက်ခံရမယ့်အနေအထားဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က