မူရင်းဈေးက ဒေါ်လာ ၃၀၀ ခန့်ဖြစ်ပါတယ်။

နယူးယော့ခ်အခြေခံ audio ကုမ္ပဏီတစ်ခုရဲ့ luxury brand နားကြပ်တစ်ခုက ဒေါ်လာ ၁၀၀၀ နီးပါး ဈေးနဲ့ဖြန့်ချိသွားတော့မှာပါ။

Photo: Engadget

         ကမ္ဘာကျော် ပြင်သစ်ဖက်ရှင်ကုမ္ပဏီ Louis Vuitton နဲ့Master & Dynamic တို့ပေါင်းပြီး LV နာမည်နဲ့ပထမဆုံး earbuds ကို မိတ်ဆက်သွားမှာပါ။ Louis Vuitton Horizon နားကြပ်တွေဟာ ကာလာဒီဇိုင်း ၄ မျိုးနဲ့ထွက်လာပြီး ပုံမှန် Master & Dynamic ထုတ် MW07 နားကြပ်မှာ LV ဆိုတဲ့ တံဆိပ်မပါရင် ၂၉၉ ဒေါ်လာပဲ ကျသင့်မှာ ဖြစ်ပါတယ်။

         Louis Vuitton ရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ LV ကို earbuds တွေရဲ့ အပေါ်မှာ ထွင်းထားတာပဲ ကွာတဲ့ ဒီနားကြပ်တွေဟာ တစ်ခါအားသွင်းတာနဲ့၃.၅ နာရီကြာအောင် သီချင်းနားထောင်နိုင်ပြီး ထိတွေ့မှုနဲ့ထိန်းချုပ်နိုင်မယ့် touch control စနစ်တွေ ပါဝင်မယ်လို့ဆိုပါတယ်။ MW07 လိုပဲ အသံကို ပိုပြီး တိကျအောင် ထုတ်လွှတ်နိုင်မယ့့် 10mm စွမ်းရည်မြင့် နားကြပ်အိုး ပါလာမှာပါ။

         ၂၉၉ ဒေါ်လာ တန် MW07 နားကြပ်နဲ့LV ဒီဇိုင်းပါ Horizon နားကြပ်တို့မှာ ဘာမှ မကွာပါဘူး။ Horizon မှာက ဘက်ထရီသက်တမ်း နာရီ ၂၀ အထိ ခံနိုင်အောင် နားကြပ်ကို ထောက်ပံ့ပေးမယ့် charging case တစ်ခု ပါလာပြီး အနက် ၊ အဖြူ ၊ အနီ ၊ အဝါနဲ့အပြာ ကာလာတွေ ပါရှိပါတယ်။ ဒီအရောင်တွေနဲ့အတူ နားကြပ်ထိပ်နားမှာ LV တံဆိပ် အစင်းကြားလေးတွေ ပါရှိပါတယ်။

         LV ဟာ မကြာသေးခင်ကလည်း LV Tambour Horizon နာမည်နဲ့ဒေါ်လာ ၂၄၉၀ (မြန်မာငွေ သိန်း ၄၀ နီးပါး) တန်တဲ့ luxury စမတ်နာရီတစ်မျိုးကို ကြေညာထားပါတယ်။ Wear 3100 processor နဲ့လာတဲ့ ဒီနာရီမှာ တစ်ရက်လုံး အားခံမယ့် ဘက်ထရီနဲ့လာပြီး နာရီကြည့်ရုံမှာ သုံးတဲ့ low-power mode မှာဆို ၅ ရက်အထိ အားခံမယ်လို့ဆိုပါတယ်။ Louis Vuitton Horizon နားကြပ်ကိုတော့ ၉၉၅ ဒေါ်လာ (မြန်မာငွေ ၁၅ သိန်းခန့်) ဈေးနဲ့ရောင်းချသွားမှာပါ။

Share

Loading Next Article...
က္က