လက်ရှိမှာ ဘာစီလိုနာက ဘဏ္ဍာရေးပြသနာတွေနဲ့ ရင်ဆိုင်နေရပေမယ့် အသက် ၃၈ နှစ်အရွယ် အဲဗက်စ်ကို ခေါ်ယူဖို့အတွက် ကြိုးစားနေတယ်လို့ သိရပါတယ်။
ဘာစီလိုနာမှာ ပြန်ကစားဖို့အတွက် တစ်ပတ်လုပ်ခ တစ် ယူရိုသာ ရယူသွားမယ်ဆိုတဲ့ ဒန်နီအဲဗက်စ်ရဲ့ အပြောင်းအရွှေ့အပေါ် ယုံကြည်မှုမရှိတာကြောင့် လာလီဂါအဖွဲ့ချုပ်က တားမြစ်သွားဖို့စီစဉ်ထားကြောင့် The Sun က ဖော်ပြလိုက်ပါတယ်။ ဘရာဇီးလ်နောက်ခံလူဟာ နူးကမ့်မှာ ၂၀၀၈ ကနေ ၂၀၁၆ အထိကစားပေးခဲ့ပြီး အထင်ကြီးဖွယ်ခြေစွမ်းတွေပြသခဲ့ကာ အောင်မြင်မှုအများအပြားလည်း ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။
လက်ရှိမှာ ဘာစီလိုနာက ဘဏ္ဍာရေးပြသနာတွေနဲ့ ရင်ဆိုင်နေရပေမယ့် အသက် ၃၈ နှစ်အရွယ် အဲဗက်စ်ကို ခေါ်ယူဖို့အတွက် ကြိုးစားနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အဲဗက်စ်ရဲ့ ဘာကာကို ဒုတိယအကြိမ်လာကစားမယ့် အစီအစဉ်ကို လာလီဂါက ငြင်းဆန်ဖို့ မျှော်လင့်ထားပြီး ကစားသမားအတွက် လုပ်ခလစာ တစ်ယူရိုသာပေးမယ်ဆိုတဲ့ ကလပ်အသင်းရဲ့ အဆိုပြုချက်ကို လက်မခံဘူးလို့ Esport 3 က ဖော်ပြခဲ့ပါတယ်။
အဲဗက်စ်ဟာ ဆော်ပေါ်လိုနဲ့ စာချုပ်ဖျက်သိမ်းပြီး ၂ လအကြာမှာ ဒီသတင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပွဲကို ပါဝင်ကစားဖို့ ပစ်မှတ်ထားနေတဲ့ အဲဗက်စ်ဟာ ဆော်ပေါ်လိုအတွက် ၉၅ ပွဲကစားပေးခဲ့ပြီး ၁၀ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကလပ်အသင်းနဲ့ သဘောထားကွဲလွဲမှုတွေဖြစ်ခဲ့ပြီးနောက် တိုကျိုအိုလံပစ်မှာ ဘရာဇီးလ်နဲ့ရွှေတံဆိပ်အတူရယူပြီး တလအကြာမှာ လမ်းခွဲခဲ့တာဖြစ်ပါတယ်။
အခုအခါ အသင်းဟောင်းဘာစီလိုနာက သူ့ကို အမှန်တကယ်အလိုရှိနေပြီး ဘဏ္ဍာရေးပြသနာအရ ကစားသမားသစ်ခေါ်ယူရာမှာ အခက်အခဲတွေရှိနေလို့ လုပ်ခလစာအဖြစ် တစ်ယူရိုသာပေးမှာဖြစ်ကြောင်း လာလီဂါကို တင်ပြထားတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချက်ဟာ ယုတ္တိမရှိဘူးလို့ လာလီဂါကသတ်မှတ်ယူဆထားပြီး အဲဗက်စ်ပြန်လည်ပြောင်းရွှေ့မယ့်အပေါ်မှာ တားဆီးဖို့ဖြစ်လာခဲ့တာပါ။
ဘာကာမှာကစားခဲ့စဉ်က အဲဗက်စ်ဟာ အထင်ကရကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ဖလား ၃ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီနောက် ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီတို့မှာလည်း ကစားခဲ့ပြီး နောက်ထပ်အောင်မြင်မှုတွေရယူနိုင်ခဲ့ပါတယ်။