အင်တာဗျူးမှာပြောဆိုခဲ့မှုတွေအတွက် တောင်းပန်ခဲ့ရတာပါ။

ချယ်လ်ဆီးအသင်းတွင်းမှာ ပြသနာတွေဖြစ်ပေါ်လာအောင် အင်တာဗျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ တိုက်စစ်မှူးလူကာကူကတော့ အားလုံးကို ပြန်လည်တောင်းပန်ခဲ့ပြိဖြစ်ပါတယ်။ ပေါင် ၉၇သန်းနဲ့ ချယ်လ်ဆီးကို ပြောင်းရွှေ့လာခဲ့တဲ့ လူကာကူဟာ ပြီးခဲ့တဲ့တပတ်က Sky Sport Italy နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူ မပျော်ရွှင်တော့ဘူးလို့ ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ 

သူ့ရဲ့ပြောစကားတွေက ချယ်လ်ဆီးပရိသတ်တွေကို တော်တော်လေးဒေါသထွက်စေခဲ့သလို နည်းပြတူချယ်လ်ကလည်း သူ့ကို မကြည်မလင်ဖြစ်ခဲ့ကာ အသင်းလူစာရင်းကနေပါ ချန်လှပ်ထားခဲ့ပါတယ်။ ဒီနောက်မှာ လူကာကူနဲ့ တွေ့ဆုံပြီး ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကာ ကစားသမားဘက်က သူ့အမှားကို တောင်းပန်ခဲ့တယ်လို့ တူချယ်လ်က အတည်ပြုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 


"ပရိသတ်တွေကို စိတ်ဒုက္ခဖြစ်စေမိခဲ့လို့ ကျနော်တောင်းပန်ပါတယ်၊ ဆယ်ကျော်သက်အရွယ်ကတည်းက ဒီအသင်းနဲ့ ဆက်စပ်မှုရှိနေတာကို အားလုံးလည်း သိကြမှာပါ၊ ဒါကြောင့် အားလုံးစိတ်ဆိုးဒေါသထွက်နေမယ်ဆိုတာကို ကျနော်လုံး၀နားလည်ပါတယ်၊ အားလုံးရဲ့ ယုံကြည်မှုကိုပြန်ရဖို့ အခုပဲ ကျနော် လေ့ကျင့်ကွင်းမှာ ကြိုးစားသွားမှာပါ"

"နိုင်ပွဲရအောင်လည်း ယူပေးဖို့အတွက် ကတိပေးပါတယ်၊ နည်းပြကိုလည်း ကျနော်တောင်းပန်ခဲ့ပြီးပါပြီ၊ အသင်းဖော်တွေ၊ ဘုတ်အဖွဲ့တွေကိုလည်း ကျနော်တောင်းပန်ခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ အချိန်အခါကောင်းမဟုတ်ဘဲနဲ့ အင်တာဗျူးပြုလုပ်ခဲ့မိလို့ပါ၊ ဒီကနေ ရှေ့ဆက်ပြီးကျနော်တို့ ပွဲတွေကို အနိုင်ယူပြီး အကောင်းဆုံးအသင်းအတွက် စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်အောင် လုပ်ပြသွားပါ့မယ်" လို့ လူကာကူက ပြောဆိုခဲ့ပါတယ်။ 

ချယ်လ်ဆီးကတော့ လာမယ့်ပွဲအဖြစ် ကာရာဘောင်းဖလားဆီမီးဖိုင်နယ်အဖြစ် စပါးနဲ့ကစားရမှာဖြစ်ပြီး လူကာကူကို အသင်းလူစာရင်းမှာ ထည့်သွင်းသွားဖို့ တူချယ်လ်က ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က