ယခု ဝန်ဆောင်မှုက Tier III အဆင့်ဖြစ်တာကြောင့် ပြုပြင်ထိန်းသိမ်းရေး ဆိုင်ရာ လုပ်ငန်းစဥ်တွေ ဒါမှမဟုတ် စက်ကိရိယာလဲလှယ်ရေးတွေ ကို ဆောင်ရွက်တဲ့အခါ စက်ပိတ်ချဖို့ မလိုအပ်ဘဲ (ပုံမှန်ပေးအပ်နေသော ဝန်ဆောင်မှုကို ထိခိုက်မှုမရှိဘဲ) ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

MPT က Tier III အဆင့်ရှိ Data Center colocation ဝန်ဆောင်မှုကို ရန်ကုန်နဲ့ နေပြည်တော်တို့မှာ မိတ်ဆက်လိုက်ပါတယ်။ MPT ရဲ့ Data Center colocation ဝန်ဆောင်မှုတွင် Rack space ငှားရမ်းပေးခြင်း (with rack and without rack) နဲ့အတူ Facilities များအဖြစ် Power (with Backup Generators, UPS)၊ Ventilation and Cooling System၊ 24/7 Monitoring and Building Security System အစရှိတဲ့ ဝန်ဆောင်မှုများကိုပါ အပြည့်အဝရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။


 ယနေ့ဒီဂျစ်တယ်ခေတ်မှာဆိုရင် ထိရောက်တဲ့ စီးပွားရေးစီမံခန့်ခွဲမှုများ လုပ်ဆောင်နိုင်ရန်အတွက် ဒေတာလုံခြုံရေးက အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ယခု ဝန်ဆောင်မှုက Tier III အဆင့်ဖြစ်တာကြောင့် ပြုပြင်ထိန်းသိမ်းရေး ဆိုင်ရာ လုပ်ငန်းစဥ်တွေ ဒါမှမဟုတ် စက်ကိရိယာလဲလှယ်ရေးတွေ ကို ဆောင်ရွက်တဲ့အခါ စက်ပိတ်ချဖို့ မလိုအပ်ဘဲ (ပုံမှန်ပေးအပ်နေသော ဝန်ဆောင်မှုကို ထိခိုက်မှုမရှိဘဲ) ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ​MPT ရဲ့ Tier III Level Data Center က အကောင်းမွန်ဆုံးFacilities များနှင့်အတူ လုံခြုံမှုကို ပေးအပ်လျက်ရှိပြီး ယခုဝန်ဆောင်မှုကို ရန်ကုန်(ဟံသာဝတီ D.C နှင့် ဘုရင့်နောင် D.C) နဲ့ နေပြည်တော် D.C တို့တွင် ရရှိနေပြီဖြစ်ပါတယ်။

အစိုးရဌာနများ၊ ပြည်တွင်း/ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံတကာ ဆက်သွယ်ရေး ဝန်ဆောင်မှုပေးသော အဖွဲ့အစည်းများ (International Carrier များ) အပါအဝင် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ အားလုံးအနေဖြင့် ဝန်ဆောင်မှုကို အလွယ်တကူ လျှောက်ထားရယူနိုင်ပါတယ်။ ဒါ့အပြင် MPT မှ ပေးအပ်လျက်ရှိတဲ့ အခြား ဝန်ဆောင်မှုများစွာကိုလည်း အလွယ်တကူ ရယူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ အကျယ်ပြန့်ဆုံးကွန်ရက်ကို ပိုင်ဆိုင်ထားတဲ့ MPT က တည်ငြိမ်တဲ့ ကွန်ရက်ချိတ်ဆက်မှုများအပြင် နည်းပညာဆိုင်ရာပံ့ပိုးမှုများကို (၂၄) နာရီပတ်လုံးဖြေရှင်းဆောင်ရွက်ပေး လျက်ရှိပါတယ်။

စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် hotline နံပါတ်- 0800 800 9990 (MPT သုံးစွဲသူများအတွက် အခမဲ့) (သို့မဟုတ်) 09426000323 (အခြားအော်ပရေတာများအတွက်) ကို ခေါ်ဆိုပြီး (သို့မဟုတ်) b2b@groups.mptmmf.com သို့ ဆက်သွယ်ပြီး ဝန်ဆောင်မှုများကို ရယူနိုင်ပါတယ်။ MPT ရဲ့ B2B ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက https://mpt.com.mm တွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က