တောင်အာဖရိကနိုင်ငံက အသင်းတသင်းဖြစ်တဲ့ ဆာမီမိုက်တီဘတ်စ်အသင်းဟာ ရုပ်ပျက်ဆင်းပျက် လုပ်ပွဲကစားမှုကြောင့် ဘောလုံးလောက,ကနေ ရာသက်ပန်ပွဲပယ်ခံလိုက်ရပြီဖြစ်ပါတယ်။ မာတီယာဆီအသင်းနဲ့ ကစားခဲ့တဲ့ဒီပွဲမှာ ဆာမီမိုက်တီဘတ်စ်တို့ (၅၉) ဂိုးအထိအသွင်းခံရကာ ပွဲအပြီးမှာ ၅၉-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ဒါဟာ လုပ်ပွဲတပွဲဖြစ်ခဲ့ပြီး ဒီပွဲမှာ ဆာမီမိုက်တီဘတ်စ်က ကိုယ့်ဂိုးကိုယ် (၄၁) ဂိုး သွင်းယူခဲ့ပါတယ်။ ဒါ့အပြင် အနီကတ် (၄) ကတ်ထိခဲ့ပြီး ပွဲပြီးဆုံးချိန်မှာ ဆာမီမိုက်တီဘတ်စ်ရဲ့ ကစားသမားအရေအတွက်က ကွင်းအတွင်း (၇) ယောက်သာ ကျန်ရှိပါတော့တယ်။ မာတီယာဆီဟာ ချန်ပီယံဆုအတွက် တိုက်ဂါးစ်အသင်းနဲ့ အပြိုင်ဖြစ်နေခဲ့တာပါ။
တဖက်မှာ တိုက်ဂါးစ်ဟာ ကိုတိုကိုဟက်ပီးဘွိုင်းစ်ကို ၃၃-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးနောက် အခုလိုပဲ မာတီယာဆီကပါ (၅၉) ဂိုးသွင်းပြီး နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။ ဒီရာသီအစောပိုင်းမှာ ဒီ (၄) သင်း ထိပ်တိုက်တွေ့ခဲ့တုန်းက ၂-၂ ဂိုး၊ ၂-၁ ဂိုးဆိုတဲ့ ရလဒ်တွေသာ ထွက်ပေါ်ခဲ့ပြီး အခုတခါမှာတော့ (၄) သင်းလုံးက သိသိသာသာကြီးကို လုပ်ပွဲကစားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဒီ (၄) သင်းက ထိပ်ဆုံး (၄) သင်းဖြစ်တာကြောင့်လည်း (၄) သင်းလုံးကို ပြိုင်ပွဲကနေ ထုတ်ပယ်ပြီး သူတို့အောက်က ဂါဝူလာကလက်ဆစ်က ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီအသင်း (၄) သင်းဟာ ရာသက်ပန်ပွဲပယ်ခံရတာဖြစ်ပြီး အသင်းတာဝန်ရှိသူတွေကို (၅) နှစ်ကနေ (၈) နှစ်၊ ဒိုင်လူကြီးတွေကို (၁၀) နှစ် ဘောလုံးလောကနဲ့မပတ်သက်ဖို့ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။