ဒီပွဲကို ဝတ်မှုန်ရွှေရည်လည်း တက်ရောက်မှာဖြစ်ပါတယ်။

နေခြည်ဦးတစ်ယောက် ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပပြုလုပ်မယ့် L'Oreal Paris Fashion Week ပွဲကို တက်ရောက်ဖို့ ရင်တွေ ခုန်နေပြီတဲ့။ ဒီပွဲကို သရုပ်ဆောင်အကယ်ဒမီ ဝတ်မှုန်ရွှေရည်ရယ်၊ Beauty Blogger  we wee တို့လည်း ဖိတ်ကြား ခြင်းခံထားရတယ်လို့ သိရပါတယ်။



Photo: Beauty By naychi Page

 

Beauty Blogger မလေး နေခြည်ဦးက ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပပြုလုပ်မယ့် L'Oreal Paris Fashion Week ပွဲကို တက်ရောက်ဖို့ ရင်တွေ ခုန်နေပြီ လို့ဆိုပါတယ်။ ဒီပွဲဟာ Main Partnership အနေနဲ့ ကျင်းပတာဖြစ်တဲ့အပြင် မြန်မာနိုင်ငံကို ပထမဦးဆုံးအကြိမ် ဖိတ်ကြားတဲ့ ပွဲဖြစ်တယ် လို့ သိရပါတယ်။

'' ဒီပွဲကို L'Oreal Paris  က main partnership အနေနဲ့ ကျင်းပတာဖြစ်တဲ့အပြင် မြန်မာနိုင်ငံကို ဒါ ပထမဦးဆုံး ဖိတ်ကြားတာဖြစ်လို့လည်း 

အရမ်း ဝမ်းသာဂုဏ်ယူပါတယ်။၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိကျင်းပမယ့် ဒီပွဲလေးကို တက်ရောက်ဖို့ အရမ်းရင်ခုန်နေပါပြီ'' ဆိုပြီးတော့ Beauty by Naychi ရဲ့ Facebook Page မှာ စက်တင်ဘာလ ၂၅ရက်နေ့ ည က တင်ခဲ့တာဖြစ်ပါတယ်။

Photo: Beauty By naychi Page

 

ဒီ Paris Fashion Week ပွဲကို သရုပ်ဆောင် အကယ်ဒမီ ဝတ်မှုန်ရွှေရည်နဲ့ Beauty Blogger မလေး We Wee တို့က လည်း တက်ရောက် ရမယ် လို့ သိရပါတယ်။ နေခြည်ဦးကလည်း ပရိသတ်တွေအတွက် ပြန်လည် မျှဝေမယ့် အစီအစဉ်လေးကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။

'' ပွဲအကြောင်းအသေးစိတ်ကော နေခြည်ဘာတွေ ဝတ်ပြီးဘယ်လိုတွေဖြစ်ဦးမယ်ဆိုတာရော page မှာတောက်လျှောက်တင်မှာ'' ဆိုပြီး တော့လည်း ဆက်လက်ပြောပြခဲ့ပါသေးတယ်။

Photo: Beauty By naychi Page

မိန်းကလေးဆိုတာ သေသေသပ်သပ်နေသင့်တယ် လို့ဆိုလာတဲ့ နေခြည်ဦး 

နေခြည်ဦးက Beauty Blogger မှာသာမက သရုပ်ဆောင်ဘက်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးနေရတဲ့သူဖြစ်ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ ဝါသနာအရင်းခံ ဖြစ်တဲ့ သီချင်းဆိုတာကိုလည်း ဝါသနာပါသေးတယ်လို့ ဆိုပါတယ်။ အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေရသလို Beauty Blogger အလုပ်ကိုလည်း ပရိသတ်နဲ့ အဆက်မပြတ်သွားအောင် တင်ဆက်နေတာဖြစ်ပါတယ်။

Photo: Beauty By naychi Page

 

နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင်ရောက်ရှိ လာတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က