ချစ်ဖို့ ကောင်းလိုက်တာ။

ယွန်းဝတီလွင်မိုးရဲ့ သားလေး Liam လေးက ဒီနေ့မှာ (၉)လတိတိပြည့်လို့ သွားပါပြီ။ ယွန်းဝတီလွင်မိုးတစ်ယောက် အဝေးကနေ သားလေးကို ချစ်မဝ ဖြစ်လို့နေပါတယ်။

 

Photo : ယွန်းဝတီလွင်မိုး IG



ယွန်းဝတီလွင်မိုးရဲ့ သားလေး Liam က ဒီနေ့(မေလ၆ရက်)မှာ (၉)လတိတိပြည့်လို့သွားခဲ့ပါပြီ။ (၉)လပြည့်သွားတဲ့ သားလေးကိုလည်း မေမေယွန်းဝတီလွင်မိုးတစ်ယောက် ချစ်မဝ ဖြစ်လို့နေပါတယ်။ သားလေးရဲ့ ပုံလေးကို သူမရဲ့ အင်စတာဂရမ်မှာ တင်ပြီး ယခုလို ပြောထားတာတွေ့ရပါတယ်။

My love.. 9months in my belly. 9 months old today. Wow “ ဆိုပြီး သူမက ဆိုပါတယ်။ ဗိုက်ထဲမှာ (၉)လတိတိရှိနေခဲ့တဲ့ သားလေးက ဒီနေ့မှာ (၉)လသား အရွယ်ကို ရောက်ရှိသွားခဲ့ပြီတဲ့။

Photo : ယွန်းဝတီလွင်မိုး IG

ယွန်းဝတီလွင်မိုးက လက်ရှိမှာ ခင်ပွန်းနဲ့အတူ သြစတြေးလျမှာ ပညာသင်ယူနေတာ ဖြစ်ပြီး သားလေးကို မိခင်တို့နဲ့အတူ မြန်မာနိုင်ငံမှာ ထားခဲ့တာလည်း ဖြစ်ပါတယ်။ယွန်းဝတီလွင်မိုးဟာ သားလေး Liam ကို မြန်မာနာမည် အနေနဲ့ လွင်ထက် လို့ နာမည်ပေးထားပါတယ်။ မေမေယွန်းဝတီလွင်မိုးကို ချစ်တဲ့ ပရိသတ်တွေက သားလေး Liam ကိုလည်း အချစ်တွေ အများကြီး ပေးထားတာ တွေ့ရပါတယ်။

Photo : ယွန်းဝတီလွင်မိုး IG

၂၀၁၈ ခုနှစ် အောက်တိုဘာလထဲမှာ အသက် ၂၀ ပြည့်ခဲ့တဲ့ သရုပ်ဆောင်ယွန်းဝတီလွင်မိုးဟာ ချစ်သူဖြစ်သူ မောင်ထက်ဦးလှိုင်နဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေး) မနက်ပိုင်းက MELIA Hotel Yangon မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပြီး ညနေပိုင်းမှာလိုင်း MELIA Hotel Yangon မှာပဲ မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က