သားကြီးလေးကိုတော့ Frank လို့ နာမည်ပေးထားပြီး သားငယ်လေးကိုတော့ Trank လို့နာမည်ပေးထားပါတယ်။

 

အဆိုတော် ဝေလျှံရဲ့ အမြွှာသားလေးတွေကတော့ ဇွန်လ ၂၁ ရက်နေ့က ၈ လပြည့်သွားပြီဖြစ်ပါတယ်။ သားကြီးလေးကိုတော့ Frank လို့ နာမည်ပေးထားပြီး သားငယ်လေးကိုတော့ Trank ဆိုပြီးတော့ နာမည် ပေးထားတာဖြစ်ပါတယ်။ ဒီအမြွှာသားလေးတွေအတွက် ဖေဖေ ဝေလျှံက ယခုလိုပဲ မွေးနေ့ဆုတောင်းပေးထားတာ တွေ့ရပါတယ်။

''Frank နဲ့ Trank တို့ ဒီနေ့ 8လပြည့်မွေးနေ့မှစ ကံကောင်းခြင်းများစွာနဲ့ ကျန်းမာချမ်းသာ သက်ရှည် အနာမဲ့ ပျော်ရွှင်ခြင်းများစွာ ပိုင်ဆိုင် ရပါစေလို့ ဒီဖေဖေ က ဆုတောင်းပေးမယ်ကွာ ဘာသာတရားကိုင်းရှိုင်းပါစေကွာ။ ဖေဖေနဲ့မေမေ ရဲ့အသက်ထက် ချစ်ရပါသော ရတနာ လေးများ အရမ်းချစ်တယ်နော်'' ဆိုပြီးတော့ ဇွန်လ ၂၁ ရက်နေ့ည ၈နာရီ ၄၀ မိနစ်က ဝေလျှံရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

Frank နဲ့ Trank  အမြွှာသားလေးတွေရဲ့ စိတ်နေစိတ်ထားတွေကိုလည်း အမှတ်တရအနေနဲ့ ပြောပြခဲ့ပါသေးတယ်။

'' အကြီးလေးက နည်းနည်းအေးတယ်၊ နို့ ဆာတာတွေဆိုရင်လည်း မအော်ဘူး။ အငယ်လေးကတော့ နည်းနည်းစိတ်ကြီးတယ် ဆာပြီဆိုတာနဲ့ ထပြီးတော့ အော်ချပစ်လိုက်တယ်။ အကြီးလေးက ကျွန်တော်နဲ့ တူတယ် အငယ်လေးကတော့ ဇနီးနဲ့ နည်းနည်းဆင်တယ် ဒါပေမယ့် မွေးပြီး ၁လ ကျော်တဲ့အချိန်မှာ အကြီးရော၊ အငယ်ရောက ရုပ်လေး နည်းနည်းဆင်လာသလိုပဲ'' လို့ ဝေလျှံက Duwun Media ကို ယခုလို ပြောပါတယ်။

 

ဝေလျှံဟာ သူ့ရဲ့ ဇနီးဖြစ်သူမသန့်ဇင်မွန်တို့ဟာ ချစ်သူ သက်တမ်း ၆ နှစ်ကျော်အထိ လက်တွဲခဲ့တာဖြစ်ပါတယ်။ စေ့စပ်ပွဲကိုတော့ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့က La Plateur Restaurant And Lounge မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုတော် Wai လျှံ နဲ့ မသန့်စင်မွန်တို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို နိုဝင်ဘာ (၂၀)ရက်နေ့က ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အဆိုတော်၊ သရုပ်ဆောင် ဝေလျှံနဲ့ မသန့်ဇင်မွန်တို့ဟာ အောက်တိုဘာလ ၂၂ ရက်နေ့က အမြွှာရင်သွေး သားရတနာလေးတွေကို ပိုင်ဆိုင် နိုင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ဝီလျှံက ဖခင်တစ်ယောက်ဖြစ်တဲ့အတွက် သားလေးတွေအတွက်ဆိုတဲ့ စိတ်နဲ့ အလုပ်တွေပိုလုပ်ချင် လာတယ်ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Share

Loading Next Article...
က္က