သာမန်ဖျားနာလူနာတစ်ဦးသာဖြစ်တယ်လို့ဆိုပါတယ်။

အဆိုပါအမျိုးသမီးက နယ်စပ်ကိုအလုပ်သွားလုပ်ပြီး နေရပ်ကိုပြန်လာတာတဲ့အချိန်မှာ ဖျားနာနေတာကြောင့် ဒေသခံတွေကကြောက်လန့်ပြီး ရွာကိုအဝင်မခံတာဖြစ်တယ်လို့ လပွတ္တာမြို့နယ်ကျန်းမာရေးမှူးကပြောပါတယ်။

phpto- Ashin Pyin Nyar Lawka



လပွတ္တာမြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ်သံသယလူနာ တစ်ဦးတွေ့ရှိတယ်ဆိုတဲ့ သတင်းတွေက မဟုတ်မမှန်ကန်ကြောင်းနဲ့ အဆိုပါဖျားနာနေတဲ့အမျိုးသမီးက သာမန်ဖျားနာလူနာတစ်ဦးသာ ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးမှူးကပြောပါတယ်။ အဆိုပါ အမျိုးသမီးဟာ ငယ်စဉ်ကတည်းက လပွတ္တာမြို့နယ်မှာ နေထိုင်တာဖြစ်ပြီး ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ်က လပွတ္တာမြို့နယ်ကနေထွက်ခွာကာ ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့ကို အလုပ်သွားလုပ်တဲ့သူတစ်ဦးဖြစ်တယ်လို့သိရပါတယ်။ ယခုမွေးရပ်မြေ လပွတ္တာကိုပြန်လာတဲ့အခါမှာ ဖျားနာနေတာကြောင့် ရွာသူ၊ ရွာသားတွေက ရွာကိုအဝင်မခံဘဲ သံသယလူနာဆိုပြီးပြောဆိုနေကြတာဖြစ်တယ်လို့ သိရပါတယ်။ 

" အမျိုးသမီးက သံသယလူနာမဟုတ်ပါဘူး။ သူကအစကတည်းက အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါအခံရှိသူလို့သိရပါတယ်။ အခုနေမကောင်းဖြစ်တဲ့အချိန်မှာ လပွတ္တာမြို့နယ်ထဲက သူ့ရွာကို ပြန်လာတော့ ရွာသူ၊ ရွာသားတွေက ကြောက်လန့်ပြီး ရွာကိုအဝင်မခံဖြစ်နေတာ။ သူက ဒီကို ပြန်မလာခင်ကတည်းက လွယ်ဂျယ်ဆေးရုံမှာ (၁၄)ရက်ကြာ စောင့်ကြည့် ကုသခံခဲ့ပြီးသား။ စိတ်ချရလို့ ဆေးရုံကဆင်းပြီး ရွာကိုပြန်လာတာ။ အခုသူ့ရွာကလက်မခံတော့ ကျွန်တော်တို့က လပွတ္တာဆေးရုံမှာပဲ သီးသန့်ခန်းထားပြီး သမားတော်ကြီးတွေနဲ့ ဆေးကုသမှုတွေဆောင်ရွက်ပေးသွားမယ်" လို့လပွတ္တာမြို့နယ် ကျန်းမာရေးမှူး ဦးကျော်နိုင်ဦးက Duwun ကိုပြောပါတယ်။ 

လက်ရှိမှာတာ့ အဆိုပါအမျိုးသမီးကို ဖေဖော်ဝါရီလ(၅)ရက်နေ့ ညနေပိုင်းက စပြီး လပွတ္တာမြို့နယ်ဆေးရုံမှာ သီးသန့်ခန်းထားရှိကာ ဆေးကုသမှုတွေဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ သာမန် ဖျားနာလူနာတစ်ဦးသာဖြစ်လို့ ဒေသခံတွေအနေနဲ့ မစိုးရိမ်ကြဖို့နဲ့ လက်ရှိမှာလည်း အဆိုပါအမျိုးသမီးက ကျန်းမာရေးကောင်းမွန်ကြောင်း ဦးကျော်နိုင်ဦးက ပြောကြားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က