‘’ထာဝရနှောင်ကြိုး’’ ရုပ်ရှင်ကို အကောင်းဆုံးဖြစ်လာစေဖို့ ကြိုးကြိုးစားစားရိုက်ကူးနေကြတယ်လို့ ခရစ္စတီးနားခီက ပြောပြလာပါတယ်။ ဒီဇာတ်ကားထဲမှာ ဇဏ်ခီနဲ့ ပိုင်ဖြိုးသုတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
Photo: ခရစ္စတီးနားခီ
ဒါရိုက်တာ ခရစ္စတီးနားခီတို့ ‘’ထာဝရနှောင်ကြိုး’’ ရုပ်ရှင်ကားကြီး ရိုက်ကူးရေးအဖွဲ့သားတွေဟာ ပူတာအိုမြို့ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ အေးချမ်းတဲ့ ရာသီဥတုမှာ ခက်ခက်ခဲခဲ ကြိုးကြိုးစားစား ရိုက်ကူူးနေတဲ့အကြောင်းကို အခုလို ပြောပြလာပါတယ်။
‘’မနက် ၄နာရီထပြီး shooting အတွက် မိတ်ကပ်လိမ်း ပြင်ဆင် စရိုက်ကြတာ ၂ ရက်ဆက်တိုက် လုပ်ပေမယ့်လည်း ထမင်းစားရင်း နောက်ရက်ဆက်ရိုက်ဖို့တိုင်ပင်၊ ရာသီဥတုကြောင့် ရိုက်ကူးရေး နောက်ကျကုန်တော့ အားလုံးကို တစ်ရက်လောက် လည်ပတ်စေချင်ပေမယ့်လည်း ရိုက်ကူးရေးဆက်ရပါဦးမယ်။ ရုပ်ရှင်ကတော့စပြီး edit လုပ်နေပါပြီ။ ကြည့်ချင်ကြပြီးလား..ခရစ္စတော့ အရမ်းကြည့်ချင်နေပါပြီ’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ည ၇ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: ခရစ္စတီးနားခီ
‘’ထာဝရနှောင်ကြိုး’’ ရုပ်ရှင်ဇာတ်ကားကြီးကို Central Base ရုပ်ရှင်ထုတ်လုပ်ရေးကနေ ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ခရစ္စတီးနားခီက ပုံဖော်ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင်ဇာဏ်ခီနဲ့ ပိုင်ဖြိုးသုတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး မြင်စိုင်းသားအောင်အောင်၊ ရဲနောင်ချို၊ မင်းညို၊ ဂျူးဂျူးကေ၊ ခင်သဇင်နဲ့ ဇူးဇူးဟန်နီထွေးတို့က ပါဝင်အားဖြည့် သရုပ်ဆောင်ထားပါတယ်။
Photo: ခရစ္စတီးနားခီ
သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာခရစ္စတီးနားခီတို့ရဲ့ မိသားစုဘဝလေးကိုတော့ ပရိသတ်တိုင်းက လေးစားအားကျလျှက်ရှိတဲ့ အနုပညာရှင်စုံတွဲ မိသားစုလေးပဲဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ ဘယ်နေရာသွားသွား တပူးပူး တတွဲတွဲရှိပြီး ချစ်ချစ်ခင်ခင်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုလေးလည်း ဖြစ်ပါတယ်။ ဇဏ်ခီတို့မိသားစုလေးဟာ အလှူအတန်းတွေလည်း မကြာခဏလုပ်ဖြစ်သလို အလုပ်ကိစ္စနဲ့ ခရီးတွေလည်း ထွက်ဖြစ်နေပါတယ်။
Photo: ခရစ္စတီးနားခီ
သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီကတော့ '' ဥပါယ်တံမျဉ်'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေစပြီး မြန်မာနိုင်ငံမှ ပရိသတ်တွေနဲ့ စတင်ထိတွေ့ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ဒါရိုက်တာ ခရစ္စတီးနားခီရိုက်တဲ့ မုဒြာရဲ့ခေါ်သံ ဆိုတဲ့ ဒုတိယမြောက်ရုပ်ရှင် ဇာတ်ကားကြီးကလည်း အောင်မြင်ခဲ့ပါတယ်။