ဘာကာနဲ့အတူ ဒုက္ခတွေရင်ဆိုင်မယ်လို့ ဆုံးဖြတ်ခဲ့တာပါ။

ဒီလကုန်မှာမှ အသက် ၁၉ နှစ်ပြည့်မယ့် ဖာတီဟာ လက်ရှိမှာ ယိမ်းယိုင်မှုတွေရှိနေတဲ့ ဘာစီလိုနာကနေ ထွက်ခွာဖို့ အခွင့်အရေးရှိခဲ့ပေမယ့်လည်း အသင်းမှာသာ ဆက်လက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ 


ဘာစီလိုနာနဲ့ ၂၀၂၇ ခုနှစ်အထိ ဆက်ရှိနေမယ့် စာချုပ်သစ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ လူငယ်တိုက်စစ်မှူးအန်ဆူဖာတီဟာ စာချုပ်သစ်မချုပ်ဆိုခင်မှာ မန်ချက်စတာယူနိုက်တက်၊ လီဗာပူးလ်၊ ပီအက်စ်ဂျီတို့ရဲ့ ကမ်းလှမ်းမှုတွေကို ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီလကုန်မှာမှ အသက် ၁၉ နှစ်ပြည့်မယ့် ဖာတီဟာ လက်ရှိမှာ ယိမ်းယိုင်မှုတွေရှိနေတဲ့ ဘာစီလိုနာကနေ ထွက်ခွာဖို့ အခွင့်အရေးရှိခဲ့ပေမယ့်လည်း အသင်းမှာသာ ဆက်လက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ 



အဆိုပါကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုကို ဖာတီက ငြင်းဆန်ပယ်ချခဲ့ကာ ဘာကာနဲ့ စာချုပ်လျော်ကြေး ယူရိုတစ်ဘီလီယံရှိတဲ့အချက်အပါအဝင် အခြားသဘောတူညီမှုတွေနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။ Diario Sport ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်၊ လီဗာပူးလ်နဲ့ ပီအက်စ်ဂျီတို့က အန်ဆူဖာတီကို လုပ်ခလစာ ၂ ဆအထိပေးမယ်လို့ ပြောဆိုကာ ကမ်းလှမ်းခဲ့တယ်လို့ သိရပြီး ကစားသမားဘက်က ငြင်းဆန်ခဲ့တာလို့ ဆိုပါတယ်။ 


၂၀၁၂ ခုနှစ်မှာ ဘာစီလိုနာကို စတင်ရောက်ရှိလာခဲ့တဲ့ ဖာတီဟာ လာမာစီယာမှာ ခြေစွမ်းပြခဲ့ပြီးနောက် အသင်းကြီးရဲ့ ခေါ်ယူမှုကို ရရှိခဲ့သူဖြစ်ပါတယ်။ အခုအခါမှာ နာမည်ကျော်ကစားသမားတွေဖြစ်ခဲ့တဲ့ ရော်နယ်ဒင်ဟို၊ မက်ဆီတို့ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁ဝကို ဝတ်ဆင်ခွင့်ရရှိနေပြီဖြစ်ကာ ဘာစီလိုနာရဲ့ အနာဂတ်လို့ တင်စားခံထားရပြီး မက်ဆီမရှိတော့တဲ့ အသင်းကို ကယ်တင်ပေးမယ့်သူအဖြစ် အားလုံးရဲ့ ရှုမြင်ခြင်းကို ခံယူနေရသူလည်းဖြစ်ပါတယ်။
 

"ဟုတ်ပါတယ်၊ ကျွန်တော့်ကို ပြည်ပကလပ်တွေက ကမ်းလှမ်းခဲ့ကြပါတယ်၊ ဒါပေမယ့် ကျွန်တော့်အိပ်မက်က ဒီမှာပဲရှိပါတယ်၊ ဘာစီလိုနာမှာပဲ နေချင်တယ်လို့ ကျွန်တော့်အေးဂျင့်ဂျော့မန်ဒက်စ်ကို ပြောထားပြီးသားပါ၊ သူကလည်း ကျွန်တော်ဒီမှာပဲရှိနေတာက ပြီးပြည့်စုံတယ်ဆိုတာကို နားလည်ထားပြီ အသင်းကလည်း ကျွန်တော့်အပေါ်ယုံကြည်တဲ့အတွက် ပျော်ရွှင်မိပါတယ်၊ မက်ဆီရဲ့ နံပါတ်ကို ဆက်ခံရမယ့်အပေါ် ကစားသမားအများအပြားက စိုးရိမ်နေကြပေမယ့် ကျွန်တော်ကတော့ အေးဆေးပါပဲ"

"အသင်းအတွက် ကျွန်တော်ဘာယူလာနိုင်မလဲဆိုတာ ကျွန်တော်သိပြီးသားပါ၊ ဒါက ဖိအားမဟုတ်ဘူး၊ လီယိုလိုမျိုး ဘယ်သူကမှ မလုပ်နိုင်ပါဘူး၊ ပူယိုးလ် နဲ့ ဇာဗီလိုလည်း ဘယ်သူမှမလုပ်နိုင်ပါဘူး၊ ကျွန်တော်က ကျွန်တော့်ကိုယ်ပိုင်ဂျာစီနဲ့ ရှေ့ဆက်သွားမှာပါ၊ ခုထိတော့ ဘာမှမလုပ်ပြရသေးပါဘူး၊ သူတို့တွေ လုပ်ပြခဲ့သလိုတွေ လုပ်ပြနိုင်ဖို့ကိုတော့ ကျွန်တော်မျှော်လင့်ထားပါတယ်" လို့ အန်ဆူဖာတီက ပြောဆိုခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က