ဗုဒ္ဓဟူးနေ့မှာ Sky Sports က ဖော်ပြခဲ့တာဖြစ်ပြီး အာဂျင်တီးနားလူမျိုးနည်းပြကို ဆော်ဒီစီးပွားရေးအုပ်စုက ပစ်မှတ်ထားနေကြောင်း အခိုင်အမာရေးသားသွားခဲ့ပါတယ်။
နယူးကာဆယ်ယူနိုက်တက်အသင်းဟာ စပါးနည်းပြဟောင်းပိုချက်တီနိုကို ကမ္ဘာ့လုပ်ခအများဆုံးရ တတိယမြောက်နည်းပြဆိုတဲ့ ဂုဏ်ပုဒ်ရရှိစေမယ့်လစာငွေပေးချေကာ ကမ်းလှမ်းဖို့ ပြင်ဆင်ထားကြောင်းသိရပါတယ်။ ဗုဒ္ဓဟူးနေ့မှာ Sky Sports က ဖော်ပြခဲ့တာဖြစ်ပြီး အာဂျင်တီးနားလူမျိုးနည်းပြကို ဆော်ဒီစီးပွားရေးအုပ်စုက ပစ်မှတ်ထားနေကြောင်း အခိုင်အမာရေးသားသွားခဲ့ပါတယ်။
ဒီနှစ်ဘောလုံးရာသီအတွင်းမှာပဲ ပိုချက်တီနိုဟာ စပါးနည်းပြရာထူးကနေ ဖယ်ရှားခံခဲ့ရပြီး လက်ရှိမှာ ကလပ်အသင်းလက်မဲ့ဖြစ်နေသူပါ။ နယူးကာဆယ်အသင်းကို Saudi Public Investment Fund က ပေါင်သန်း ၃၀၀ နဲ့ ဝယ်ယူဖို့ကြိုးစားနေတာဖြစ်ပြီး အောင်မြင်မှုရရှိဖို့က တော်တော်လေးနီးစပ်တဲ့အနေအထားမှာ ရှိနေပြီလည်းဖြစ်ပါတယ်။
ပိုချက်တီနိုကတော့ သူ မသေဆုံးခင်မှာ စပါးအသင်းကို နောက်တစ်ကြိမ်ပြန်လည်ကိုင်တွယ်ချင်ပြီး သူအဆုံးမသတ်နိုင်ခဲ့တဲ့အရာတွေကို အဆုံးသတ်ချင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာ စပါးနည်းပြအဖြစ် မော်ရင်ဟိုက တာဝန်ယူနေပြီးတော့ ပိုချက်တီနိုကို ပြန်လည်ခန့်အပ်ဖို့မရှိတာကြောင့် အာဂျင်တိုင်းသားအနေနဲ့ အခြားသောကလပ်အသင်းတစ်ခုကိုသာ ကိုင်တွယ်ရဖွယ်ရှိနေပါတယ်။
လက်ရှိနယူးကာဆယ်နည်းပြစတိဘရုစ်ကို ပိုင်ရှင်အသစ်တွေက ရာသီကုန်ထိသာ ခန့်အပ်ဖွယ်ရှိနေပြီးတော့ အသင်းအောင်မြင်မှုရရှိဖို့အတွက် ပိုချက်တီနိုက စွမ်းဆောင်ပေးနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။ ဒါကြောင့် တစ်နှစ်လုပ်ခပေါင် ၁၉သန်းအထိ ပေးချေကာ ခေါ်ယူစာချုပ်ဖို့ စီစဉ်နေပြီး ပိုချက်တီနိုဟာ လစာအများဆုံးရ တတိယမြောက်နည်းပြဖြစ်လာဖို့ နီးစပ်နေတာဖြစ်ပါတယ်။
အက်သလက်တီကိုမက်ဒရစ်နည်းပြဆီမြွန်နီ၊ မန်စီးတီးနည်းပြဂွာဒီယိုလာတို့က လစာအများဆုံးရနည်းပြတွေအဖြစ် ရပ်တည်နေကြပြီး ဆီမြန်နီက တစ်နှစ်ကို ပေါင် ၃၆.၂သန်း၊ ဂွာဒီယိုလာက ပေါင်သန်း ၂ဝရရှိကာ တတိယနေရာမှာ မော်ရင်ဟိုနဲ့ ယာဂင်ကလော့ပ်တို့က ပေါင် ၁၅သန်းစီနဲ့ ရပ်တည်နေတယ်လို့ Daily Mail ရဲ့ ဖော်ပြချက်အရ သိရပါတယ်။