ဘာစီလိုနာအဝတ်လဲခန်းထဲမှာ အောင်ပွဲခံနေခဲ့တာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ချဲလ်ဆီးတိုက်စစ်မှူး အူဘာမီယန်းဟာ ပြီးခဲ့တဲ့နွေရာသီကမှ စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပေမယ့်လည်း စာချုပ်ဖျက်သိမ်းခြင်း ခံရတော့မယ်လို့ သိရပါတယ်။

အူဘာမီယန်းဟာ လာလီဂါကို ပြောင်းရွှေ့ခဲ့ပြီးနောက် ၆ လအကြာမှာပဲ ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဒေါ့မွန်နည်းပြဟောင်း တူဟယ်နဲ့ ပြန်လည်ဆုံစည်းဖို့ ပြန်လာခဲ့ပေမယ့် ဂျာမန်လူမျိုးနည်းပြက သိပ်မကြာခင်မှာပဲ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

 

အူဘာမီယန်းရဲ့ ခြေစွမ်းဟာ မျှော်မှန်းထားတာနဲ့ တခြားစီ ဖြစ်နေခဲ့ပြီး သိပ်မကြာခင်မှာပဲ ပထမအသင်းကနေ ချန်လှပ်ခြင်းခံခဲ့ရတာကြောင့် ဘာစီလိုနာကို ဇန်နဝါရီလမှာ ပြန်သွားဖို့ သတင်းတွေ ထွက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီအပြောင်းအရွှေ့က ဖြစ်မလာခဲ့ဘဲ ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူးဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ဆက်ရှိနေခဲ့ပေမုယ့်လည်း ပွဲကစားချိန် တိုးမြင့်ရရှိလာခြင်းမရှိခဲ့တာဖြစ်ပြီး အချိန်တွေပိုနေတာကြောင့် အူဘာမီယန်းဟာ ပြီးခဲ့တဲ့ အယ်ကလက်စီကိုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရခဲ့တဲ့ ဘာစီလိုနာအဝတ်လဲခန်းထဲမှာ အောင်ပွဲခံနေခဲ့တာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

 

Goal ရဲ့ ဖော်ပြချက်အရ အနောက်လန်ဒန်မှာ အူဘာမီယန်းရဲ့ ခရီးစဉ်ကို ဒေါသထွက်ခဲ့ကြပြီး ချဲလ်ဆီးအသင်းဟာ လက်ရှိမှာတော့ လာမယ့်နွေရာသီမှာ အာဆင်နယ်ကြယ်ပွင့်ဟောင်းရဲ့ စာချုပ်ကို ဖျက်သိမ်းပြီး စာချုပ်ပြည့်ဖို့ တစ်နှစ်လိုသေးချိန်မှာ ထွက်ခွာခွင့်ပေးသွားတော့မယ်လို့ သိရပါတယ်။

 

ဂရေဟမ် ပေါ့တားအနေနဲ့ အူဘာမီယန်းကို အရေးပေါ်လိုအပ်ရင် အသုံးပြုလို့ရအောင် ယခုရာသီကုန်မှသာ စာချုပ်ဖျက်သိမ်းသွားမှာဖြစ်တယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။

Share

Loading Next Article...
က္က