လူကာမိုဒရစ်ကတော့ ရော်နယ်ဒိုရှိတဲ့ အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့နိုင်တယ်ဆိုတဲ့ သတင်းထင်ကြေးတွေကို ငြင်းပယ်ခဲ့ပြီး ရီးရယ်လ်အသင်းမှာပဲ ကစားသမားဘ၀ အဆုံးသတ်ချင်တယ်လို့ ပြောလိုကပါတယ်။ အယ်လ်နာဆာအသင်းဟာ မိုဒရစ်ကို ရီးရယ်လ်အသင်းဖော်ဟောင်း ရော်နယ်ဒိုနဲ့ ပြန်လက်တွဲအလုပ်လုပ်နိုင်ဖို့အတွက် လုပ်ခလစာအများကြီးပေးပြီး ခေါ်ယူဖို့ ချိတ်ဆက်နေတာပါ။
ဒါပေမယ့် အသက် ၃၇ နှစ်အရွယ်ရှိ မိုဒရစ်ကတော့ ရီးရယ်လ်အသင်းမှာပဲ ကစားသမားဘဝကိုအဆုံးသတ်ချင်နေတာဖြစ်ပါတယ်။ အယ်လ်နာဆာအသင်းကို ပြောင်းရွှေ့ဖွယ်ရှိတဲ့ အလားအလာနဲ့ ပတ်သက်ပြီးမေးခဲ့ချိန်မှာတော့ -
"ကျွန်တော်ကတော့ ရီးရယ်လ်မှာပဲ ဆက်နေချင်တဲ့ ဆန္ဒကိုသိပါတယ်။ဖြစ်လာမယ်လို့လည်း ယုံကြည်မျှော်လင့်ထားပါတယ်။ကျန်တာတွေကတော့ ထင်မြင်ချက်တွေနဲ့ ကောလဟာလတွေပဲဖြစ်ပါတယ်။ကျွန်တော် ရီးရယ်လ်မှာပဲ ဆက်ပြီးရှိမယ်ဆိုတာ မျှော်လင့်ပြီးယုံကြည်တယ်ဆိုတာကို အကြိမ် ၁၀၀ လောက်ထပ်ပြီးပြောပါတယ်"လို့ မိုဒရစ်က ဖြေဆိုခဲ့ပါတယ်။
ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းမှာ တစ်နှစ်လုပ်ခယူရို သန်း ၂၀၀ ရရှိနေတောဖြစ်ပြီး မိုဒရစ်ကတော့ အဆိုပါအသင်းဆီပြောင်းဖို့ စိတ်မဝင်စားတာဖြစ်ပါတယ်။ လက်ရှိရာသီအကုန်မှာ မိုဒရစ်နဲ့ ရီးရယ်လ်အသင်းတို့ချုပ်ဆိုထားတဲ့စာချုပ်ဟာ ကုန်ဆုံးတော့မှာဖြစ်ပေမယ့် ကစားသမားကတော့ စာချုပ်သက်တမ်းတိုးပြီး ဆက်ရှိချင်နေကာ ရီးရဲလ်ဘက်ကလည်း ၁ နှစ်စာချုပ်ချုပ်ဆိုဖွယ်ရှိနေပါတယ်။
မိုဒရစ်ဟာ ရီးရယ်လ်အသင်းကို ၂၀၁၂ က စပါးအသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး ၄၇၃ ပွဲပါဝင်ကစားထားကာ ၃၇ ဂိုးသွင်းပြီး ၇၆ ဂိုးဖန်တီးကာ ဆုဖလားအောင်မြင်မှုအများအပြားကို ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။