ယူနိုက်တက်မှာ နာမည်ကျော်ကစားသမားတွေရှိနေပြီး လုပ်ခလစာလည်း မြင့်မားစွာရရှိနေတာကြောင့် စုစုပေါင်းရရှိမယ့် ငွေကြေးပမာဏဟာ ပေါင်သန်းချီအထိရှိမယ်လို့လည်း မျှော်လင့်ရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားက ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေအတွက် တစ်လလုပ်ခလစာရဲ့ ၃၀%စီကို လှူဒါန်းသွားဖို့ အသင်းဖော်တွေကို တောင်းဆိုသွားခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်နောက်ခံလူက အသင်းဒုဥက္ကဌဝုဒ်ဝက်ဒ်ကို အဆိုပါအကြံဉာဏ်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
စုဆောင်းရရှိမယ့် ငွေကြေးတွေကို မန်ချက်စတာဒေသမှာရှိတဲ့ ဆေးရုံနဲ့ ကျန်းမာရေးစင်တာတွေကို ခွဲဝေလှူဒါန်းသွားမယ်လို့လည်း သိရပါတယ်။ ယူနိုက်တက်မှာ နာမည်ကျော်ကစားသမားတွေရှိနေပြီး လုပ်ခလစာလည်း မြင့်မားစွာရရှိနေတာကြောင့် စုစုပေါင်းရရှိမယ့် ငွေကြေးပမာဏဟာ ပေါင်သန်းချီအထိရှိမယ်လို့လည်း မျှော်လင့်ရပါတယ်။
Daily Mail ရဲ့ ဖော်ပြချက်မှာတော့ မက်ဂွိုင်းယားဦးဆောင်ကာ အဆိုပါအစီအစဉ်ကိုဆောင်ရွက်သွားမှာဖြစ်ပြီး ပေါင်သန်းနဲ့ချီတဲ့ပမာဏကို National Health Service အတွက် အထောက်အပံ့ကောင်းဖြစ်စေမယ်လို့ ပါရှိခဲ့ပါတယ်။ ယူနိုက်တက်အသင်းကတော့ လက်ရှိအချိန်ထိ ကစားသမားတွေနဲ့ ဝန်ထမ်းတွေကို လစာဖြတ်တောက်ခြင်းမရှိဘဲ အပြည့်အဝပေးချေနေဆဲ ကလပ်အသငး်လည်းဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဖြစ်တဲ့ မတ်ဟန်းကော့က ပရီးမီးယားလိဂ်ကစားသမားတွေအပေါ် ဝေဖန်မှုတွေပြုလုပ်ခဲ့အပြီးမှာ မက်ဂွိုင်းယားရဲ့ အစီအစဉ်က ပေါ်ထွက်လာခဲ့တာလည်းဖြစ်ပါတယ်။ ဟန်းကော့က နာမည်ကျော်ကစားသမားတွေရဲ့ ပူးပေါင်းပါဝင်မှုနည်းပါးနေတဲ့အပေါ်မှာ ထောက်ပြဝေဖန်ခဲ့ပြီး လစာငွေလျှော့ယူဖို့ကိုလည်း ပြောဆိုခဲ့တာဖြစ်ပါတယ်။
လက်ရှိကာလမှာလည်း နာမည်ကျော်ကလပ်အသင်းတချို့နဲ့ နာမည်ကျော်ကစားသမားတချို့က ကိုယ်စီလှူဒါန်းမှုတွေကို ပြုလုပ်နေခဲ့ကြပါတယ်။ မက်ဂွိုင်းယားကတော့ အသင်းသားအားလုံးစည်းလုံးညီညွှတ်စွာနဲ့ ပါဝင်ပူးပေါင်းလိမ့်မယ်လို့ မျှော်လင့်ထားပြီးတော့ မကြာခင်မှာ လှူဒါန်းနိုင်မယ်လို့လည်း ယုံကြည်နေပါတယ်။