အသင်းသားတွေအတွက် တိုက်ပွဲဝင်ပေးနေတာဖြစ်ပါတယ်။

ကစားသမားတွေရဲ့ လစာငွေရရှိမှုနှုန်းထားမတူညီမှုတွေကြောင့် ၅၀%အထိ လျှော့ချပေးရမယ်ဆိုရင် အသင်းဖော်တွေအခက်အခဲနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ၂၅%သာ လျှော့ချဖို့ ရွန်နီက ကိုယ်စားပြုကာ အသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ပေးနေတာဖြစ်ပါတယ်။ 


ချန်ပီယံရှစ်ကလပ်ဒါဘီကောင်တီအသင်းဟာ အသင်းကစားသမားတွေရဲ့လစာကို ၅၀%အထိ လျှော့ချသွားဖို့ စီစဉ်နေခဲ့မှုအပေါ်မှာ ၀ိန်းရွန်နီက ကစားသမားတွေကိုယ်စားဦးဆောင်ပေးခဲ့ကာ အသင်းနဲ့ထိပ်တိုက်ရင်ဆိုင်ပေးနေတယ်လို့ သိရပါတယ်။ ဒါဘီအသင်းတာဝန်ရှိသူတွေက ပွဲစဉ်တွေပြန်လည်မစမချင်း ကစားသမားလစာကို ထက်ဝက်အထိလျှော့ချချင်နေတာဖြစ်ပါတယ်။

ဒါပေမယ့် ရွန်နီက ကစားသမားတွေကိုယ်စား အသင်းရဲ့ CEO စတီဖင်ပီရေ့ကို အကြောင်းကြားမှုတွေပြုလုပ်ခဲ့ပြီး ၂၅%သာ လျှော့ချပေးဖို့အတွက် တောင်းဆိုပေးခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ အင်္ဂလန်အသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတဲ့ ရွန်နီဟာ ဇန်နဝါရီလကမှ ဒါဘီကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ 

အသင်းနည်းပြဖိလစ်ကိုကူးက ရွန်နီကို အသင်းခေါင်းဆောင်ရာထူးပေးအပ်ထားပြီး သူကိုယ်တိုင်ကလည်း ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ရွန်နီက ကစားသမားတွေနဲ့ ဘုတ်အဖွဲ့ဝင်တွေကြားမှာ ကြားနေကိုယ်စားလှယ်သဘောမျိုးနဲ့ ဖျန်ဖြေပေးနေကာ ကစားသမားအတွက် နစ်နာမှုမရှိအောင် ဆောင်ရွက်ပေးနေတာလည်းဖြစ်ပါတယ်။ 

ဒါဘီကစားသမားတွေရဲ့ တိုးတက်မှုအခြေအနေတွေကို အစီရင်ခံဖို့အတွက်လည်း ရွန်နီက WhatsApp မှာ Group Chat တစ်ခုဖန်တီးထားပြီး အသင်းကိုတင်ပြလေ့ရှိတယ်လို့ သိရပါတယ်။ လစာငွေကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ပရော်ဖက်ရှင်နယ်ဘောလုံးသမားများ အစည်းအရုံးရဲ့ အကြီးအကဲဂေါ်ဒွန်တေလာနဲ့ ရွန်နိက တိုက်ရိုက်စကားပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ 

ဒါဘီကစားသမားတွေကတော့ အသင်းအနေနဲဲ့ သူတို့ရဲ့လစာငွေတွေကို အနည်းအပါးသာလျှော့ချစေချင်ပြီး ဒီလိုလုပ်ခလစာတွေနဲ့ ပတ်သက်ပြီးတော့လည်း အပြည့်အဝအသိပေးဖို့ လိုလားနေပါတယ်။ အသင်းဘက်က ဒီလိုအသိပေးဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် သူတို့ဘက်က ၂၅% လျှော့ချပေးဖို့ ကမ်းလှမ်းမှုကို ပြန်လည်ရုတ်သိမ်းသွားမယ်လို့လည်း ခြိမ်းခြောက်ထားကြောင်းသိရပါတယ်။ 


ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့အစည်းကလည်း ကစားသမားတွေကို လုပ်ခလစာ ၂၅%ထက် လျှော့ချပေးတာမျိုး မပြုလုပ်ဖို့ အကြံပေးထားကြောင်း သိရပါတယ်။ ကစားသမားတွေရဲ့ လစာငွေရရှိမှုနှုန်းထားမတူညီမှုတွေကြောင့် ၅၀%အထိ လျှော့ချပေးရမယ်ဆိုရင် အသင်းဖော်တွေအခက်အခဲနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ၂၅%သာ လျှော့ချဖို့ ရွန်နီက ကိုယ်စားပြုကာ အသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ပေးနေတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က