ကိုဗစ်ကာလအတွင်းမှာ ကျန်ရှိခဲ့တာပါ။

‌လက်ရှိ ဆော်ဒီအာရေဗျကလပ် အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုဟာ အသင်းဟောင်း ဂျူဗင်တပ်စ်ကို ငွေကြေးကိစ္စနဲ့ပတ်သက်ပြီး တရားစွဲဆိုဖို့ ပြင်ဆင်နေကြောင်းသိရှိရပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ (၂၀၂၁) ခုနှစ် နွေရာသီမှာ ဂျူဗင်တပ်စ်ကနေ ထွက်ခွာလာခဲ့တဲ့ ကစားသမားပါ။



ရော်နယ်ဒိုက ဂျူဗင်တပ်စ်မှာ ကစားသမားဘဝ (၃) နှစ်ကြာ ဖြတ်သန်းခဲ့ပြီး အသင်းနဲ့အတူ စီးရီးအေအမှတ်ပေးချန်ပီယံဆု (၂) ကြိမ်၊ ကိုပါအီတလီယာဖလားတစ်ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုက ဂျူဗင်တပ်စ် ကစားသမားဘဝမှာ ကိုဗစ်ကာလ ကပ်အရေးကို ဖြတ်သန်းခဲ့ရပြီး လစာငွေတွေလည်း လျှော့ယူခဲ့ရပါတယ်။

သတင်းတွေရဲ့ဖော်ပြချက်အရ ရော်နယ်ဒိုဟာ ကိုဗစ်ကာလအစောပိုင်းအတွင်း လျှော့ယူခဲ့တဲ့ လစာငွေ ယူရို (၁၉.၉) သန်းကို ပြန်လည်ရရှိလိုမှုနဲ့ ဂျူဗင်တပ်စ်ကို တရားစွဲဆိုဖို့ ပြင်ဆင်နေကြောင်း သိရှိရပါတယ်။ ရော်နယ်ဒိုဟာ အဆိုပါငွေကြေးပမာဏကို ဂျူဗင်တပ်စ်က ပေးချေသွားဖို့အတွက်လည်း ကတိကဝတ်ရရှိထားကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။

ဒါပေမယ့် ဂျူဗင်တပ်စ်ကတော့ လက်ရှိအချိန်အထိ ရော်နယ်ဒိုအတွက် ပေးချေရမယ့် ငွေကြေးပမာဏကို ပေးချေခြင်းမရှိတာကြောင့် ရော်နယ်ဒိုဘက်က စာရွက်စာတမ်းအပြည့်အစုံနဲ့ တရားစွဲဆိုပြီး တောင်းခံသွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဂျူဗင်တပ်စ်ကို အခြားသော ကစားသမားဟောင်းကလည်း တရားစွဲဆိုထားပါသေးတယ်။

ဒီကစားသမားကတော့ ဘိုနူချီဖြစ်ပြီး ဂျူဗင်တပ်စ်က သူ့ရဲ့ပုံရိပ်ကို ထိခိုက်ကျဆင်းစေမှု၊ မမှန်ကန်တဲ့သတင်းမှားတွေကို ထုတ်ပြန်မှုတွေနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ ဘိုနူချီဟာဆိုရင် ဂျူဗင်တပ်စ်ရဲ့ ဂန္တဝင်ကစားသမားဟောင်းတစ်ယောက်လို့တောင် ပြောနိုင်ပေမယ့် အခုလိုမျိုးပဲ အသင်းဟောင်းကို ပြန်လည်တရားစွဲဆိုထားတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က