၁၀ စုနှစ်တစ်ခုကျော်ကြာခဲ့ပေမယ့် Minecraft ကို နှစ်နှစ်ခြိုက်ခြိုက် ကစားနေတဲ့ ပရိတ်သတ်တွေက လျော့မလာခဲ့ပါဘူး။
၂၀၀၉ ခုနှစ် မေလထဲမှာ စတင်ဖြန့်ချိခဲ့ပြီး ၂၀၁၄ နိုဝင်ဘာလဆန်းပိုင်းမှာ Microsoft အပိုင် ဖြစ်လာခဲ့တဲ့ Minecraft ဂိမ်းဟာ အခုချိန်မှာ လစဉ်ကစားသူ ၁၁၂ သန်းကျော် ရှိနေပြီဖြစ်တယ်လို့Business Insider က ဖော်ပြပါတယ်။ " အပိုင် ဝယ်ပြီး ၅ နှစ်ကျော်အတွင်း Minecraft က ဆက်လက်တိုးတက်နေဆဲပါပဲ" လို့Minecraft စတူဒီယိုအကြီးအကဲ ဟယ်လန်ချိုင်းက ဆိုပါတယ်။
Photo: Vaaju
လစဉ်ကစားသူ ၁၁၂ ကျော် ရှိလာတဲ့ မှတ်တမ်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ကိန်းဂဏန်းတွေထက် သန်း ၂၀ ကျော် တက်လာတာ ဖြစ်ပါတယ်။ Minecraft ကစားသူစာရင်းကို တွက်ချက်ရာမှာ Xbox Game Pass ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ကစားသူတွေအပါအဝင် ပလက်ဖောင်းအားလုံးက ပလေယာတွေကိုပါ ထည့်သွင်းထားတာပါ။
Minecraft ကစားသူတွေထဲမှာ Game Console စက်တွေ ၊ ကွန်ပျူတာ ၊ မိုဘိုင်းထုတ်ကုန်တွေနဲ့ပညာရေး ဦးစားပေးဂိမ်းဗားရှင်း သုံးသူတွေပါဝင်ပါတယ်။ Minecraft ဟာ snadbox ဂိမ်းတစ်ခု ဖြစ်ပြီး ကစားသူကိုယ်တိုင် စိတ်ကြိုက် ဖန်တီးခွင့်ပေးထားတာ ဖြစ်လို့စဉ်းစားဆင်ခြင်မှုစွမ်းရည်ကို မြှင့်တင်နိုင်တဲ့ ဂိမ်းအဖြစ်လည်း ထင်ရှားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလထဲမှာ တရုတ်မှ e-Commerce ကုမ္ပဏီ JD.comဟာ ပညာရေးဈေးကွက်သစ်ဖော်ဆောင်ဖို့Minecraft: Education Edition လိုင်စင်ဝယ်ထားပါတယ်။ Minecraft : Education Edition ဟာ နိုင်ငံပေါင်း ၁၀၀ ကျော်က လူပေါင်း သန်း ၉၀ ကျော် သုံးစွဲနေပြီး အမေရိကန်တစ်နိုင်ငံတည်းမှာ သုံးစွဲသူ ၃၅ သန်း ရှိနေတာပါ။