သားလေးက လိမ္မာပါတယ်။

မို့မို့မြင့်အောင်က သားအရင်းတစ်ယောက်လို ချစ်ရတဲ့ မိုးအောင်ရင်ကို လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့အချိန်မှာ ပြန်လည် လွတ်မြောက်လာစေချင်တယ်လို့ဆိုပါတယ်။ မိုးအောင်ရင်နဲ့ ပတ်သက်တဲ့ သူမရဲ့ ခံစားချက်တွေကို အခုလို ပြောပြလာပါတယ်။

သရုပ်ဆောင် မို့မို့မြင့်အောင်က သားအရင်းတစ်ယောက်လို ချစ်ရတဲ့ မိုးအောင်ရင် ကို လွတ်ငြိမ်းချမ်းသာခွင့် နဲ့ပြန်လည် လွတ်မြောက်စေချင်တယ်လို့ ဆိုပါတယ်။ မိုးအောင်ရင်နဲ့ ပတ်သက်ပြီး သူမရဲ့ ဆန္ဒကိုလည်း မီဒီယာတွေကနေတဆင့် ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။



‘’ ဘယ်ပြောလိုက်မလဲလေ ကိုယ်က ဒီလိုမျိုးကြားတာ လွတ်စေချင်တာပေါ့။ နိုင်ငံခြားက ဂျက်ကီချန်းသားတောင်မှ လွတ်သွားသေးတာပဲလေ နော်။ မို့ သားလေးကိုလည်း လွတ်စေချင်ပါတယ်။ သားလေးက ဖြစ်တော့သာ ဖြစ်သွားတာ ဆိုးတဲ့အထဲမှာ မပါဘူး။ ဒါပေမယ့် မို့ကတော့ သူ့ကို အနုပညာအခြေအနေ ရပ်တည်မှု မကောင်းတဲ့အခါကျတော့ အနုပညာမှာ မလုပ်စေချင်ပါဘူး။ သူ့ကို စီးပွားရေးဘက်ပဲ ပြန်လုပ်ခိုင်းမှာပါ’’ လို့ သူကဆိုပါတယ်။

Photo: Moe Aung Yin

မိုးအောင်ရင် ဟာ မူးယစ်ဆေးဝါး သုံးစွဲမှု၊ ရောင်းချမှု တို့နဲ့ အလုပ်နှင့်ထောင်ဒဏ် ၁၇ နှစ်ကျခံနေရတာဖြစ်ပါတယ်။ ဒီအပေါ်မှာလည်း မို့မို့မြင့်အောင်က စိတ်မကောင်းဖြစ်တဲ့အကြောင်းတွေ ပြောပြခဲ့ပါသေးတယ်။

‘’ မှားတဲ့ဟာကိုတော့ အမှန်အတိုင်း ဝန်ခံရမှာပေါ့နော်။ ကျွန်မ သားလေးက သိပ်လိမ္မာတယ်လို့တော့ ပြောလို့မရပါဘူူး။ မှားသွားတာပေါ့နော်။ သူက မိဘကို လုပ်ကျွေးနေတဲ့ သားလိမ္မာလေးတစ်ယောက်ပါ။ အဲဒီအကျိူးထူးကို ပြန်ခံစားရမယ်ဆိုလို့ မျှော်လင့်ပါတယ်’’ ဆိုပြီးတော့ POSH Runway 2019 ပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။

Photo: Moe Aung Yin

မိုးအောင်ရင်ရဲ့ အမှုကိစ္စ စဖြစ်တဲ့အချိန်မှာလည်း လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးခဲ့တယ်လို့ မို့မို့မြင့်အောင်က ပြောပါတယ်။ သားလေး တစ်ယောက်လို ချစ်ရတဲ့သူဖြစ်တာကြောင့်လည်း ဆုံးမစကားတွေ ပြောခဲ့သေးတယ်လို့ သတိတရ ပြန်ပြောပြလာပါတယ်။

‘’ မမို့ကိုယ်တိုင် လိုက်ချင်တယ် တစ်ခေါက်ပြောတုန်းကဆို ဝင်ရ နည်းနည်းခက်ခဲတယ်ဆိုတာနဲ့ မတွေ့လိုက်ရတာပါ။ ပထမတုန်းကတော့ သူ့အဖေနဲ့ အမေ မရောက်ခင်တုန်းက ကလေး စားဖို့သောက်ဖို့ ပိုက်ဆံသွားပို့ပေးထားတယ်။ တစ်ပတ်တစ်ခါ သူကြိုက်တတ်တဲ့ အစားအစာတွေ မို့ ပို့ပေးပါတယ်။ သူမိဘ မရောက်ခင်တုန်းကလည်း ဖုန်းတော့ပြောဖြစ်တယ်။ သားသား လိမ်လိမ်မာမာနေ၊ မှားသွားတာကိုတော့ အမှားအတိုင်း ဝန်ခံရမယ်။ ဒါပေမယ့် သား အမှားကြီး မဟုတ်တာတော့ သေချာအောင်တော့ပြော လူငယ်ဆိုတာကတော့ မှားတတ်တာပဲလေ’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

မို့မို့မြင့်အောင်နဲ့ မိုးအောင်ရင် တို့ဟာ သားအမိအရင်းတွေလို ချစ်ကြတဲ့သူတွေဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေ လည်း အတူတူ ရိုက်ခဲ့ဖူးကြပါတယ်။ သူမ ရဲ့ အနုပညာသက်တမ်းကတော့ ၃၉ နှစ်ရှိပါပြီ။ အဲဒီနောက် အနုပညာ မှတ်တိုင် ဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ၁၉၈၅ ခုနှစ်က ‘’နှလုံးသားမြို့တော်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ ဆု အဖြစ် ပထမဆုံးအကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၉ ခုနှစ်မှာ ‘’ခပ်စိမ်းစိမ်း နေပါမယ်’’ ရုပ်ရှင်ကား၊ ၁၉၉၁ ခုနှစ်မှာ ‘’ သမီးနှင့် အမေများ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၁၉၉၆ ခုနှစ်မှာ ‘’မသုဓမ္မစာရီ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၂၀၀၈ ခုနှစ်မှာတော့ ‘’မြင်းမိုရ်ထက်က သရဖူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က