၂၀၁၉ ခုနှစ်အတွင်း တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်မှာ ပါဝင်လာတာပါ။

လွတ်ငြိမ်းသက်သာခွင့်ထဲ မိုးအောင်ပါတယ်ဆိုတဲ့သတင်းကြောင့် အားလုံးဝမ်းသာနေကြပါတယ်။

၂၀၁၉ခုနှစ်အတွက် တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်မှာတော့ မူးယစ်ဆေးဝါးမှုနဲ့ထောင်ဒဏ် ၁၇ နှစ်ကျခံနေရတဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် မိုးအောင်ရင်လည်း ပါဝင်လာခဲ့တယ်လို့ နီးစပ်ရာ အသိုင်းအဝိုင်း ကတဆင့် သိရပါတယ်။ ပြစ်ဒဏ်ကျခံနေရတဲ့အကျဉ်းသား၊အကျဉ်းသူ စုစုပေါင်း ၆၅၂၀ ဦးကို ဒီကနေ့ (မေ ၇ရက်နေ့) ရက်စွဲဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တာလည်း ဖြစ်ပါတယ်။

သရုပ်ဆောင်မိုးအောင်ရင်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က ပုဇွန်တောင်မြို့နယ် တရားရုံးမှမူးယစ်ဆေးဝါးလက်ဝယ် တွေ့ရှိမှုသုံးစွဲမှု ပုဒ်မများဖြင့် အလုပ်နှင့် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်တွင် အရှေ့ပိုင်းခရိုင် တရားရုံးက မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ပုဒ်မ -၁၉ (က)နဲ့ အလုပ်နဲ့ထောင်ဒဏ် ၁၂ နှစ် ထပ်မံချမှတ်ခဲ့တာကြောင့် စုစုပေါင်း အလုပ်နဲ့ထောင်ဒဏ် ၁၇ နှစ် ကျခံနေရတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က