မဟာဗန္ဒုလပန်းခြံနားတစ်ဝိုက်က နေရာတွေမှာ လမ်းခေတ္တပိတ်ထားမှာပါ။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်မှာ လွတ်လပ်ရေးနေ့အခမ်းအနားကို မြို့တော်ခန်းမရှေ့ မဟာဗန္ဒုလပန်းခြံမှာ ကျင်းပမှာဖြစ်တာကြောင့် အဲဒီအနီးတစ်ဝိုက်မှာ ယာယီလမ်းပိတ်မှာ ဖြစ်တယ်လို့ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီက ကြေညာထားပါတယ်။

နှစ် ၇၀ ပြည့်လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပစဉ်



မနက် ၃ နာရီခွဲ အချိန်ကစတင်ပြီး အခမ်းအနားပြီးဆုံးချိန်အထိ မဟာဗန္ဒုလလမ်းကို ဆူးးလေဘုရားလမ်းကနေ ပန်းဆိုးတန်းအထိ၊ဘဏ်လမ်းကို ဆူးလေဘုရားလမ်းကနေ ပန်းဆိုးတန်းအထိ၊ ကုန်သည်လမ်းကို ပန်းဆိုးတန်းလမ်းကနေ ဆူးလေဘုရားလမ်းအထိ ယာယီပိတ်ထားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

မဟာဗန္ဒုလလမ်းကနေ လာတဲ့ ယာဉ်လိုင်းတွေအနေနဲ့ ဆူးလေဘုရားလမ်း၊ ကမ်းနားလမ်းနဲ့ ပန်းဆိုးတန်းလမ်းကနေ လည်းကောင်း၊ကုန်သည်လမ်းကလာတဲ့ယာဉ်လိုင်းတွေအနေနဲ့ ပန်းဆိုးတန်းလမ်း၊ ကမ်းနားလမ်း၊ဆူးလေဘုရာလမ်းနဲ့ ကုန်သည်လမ်းအတိုင်း မောင်းနှင်ကြဖို့ သတိပေးကြေညာထားတာပါ။

နှစ် ၇၀ ပြည့်လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပစဉ်

အခမ်းအနားကို တတ်ရောက်ကြမယ့်ဧည့်သည်တော်တွေရဲ့ ယာဉ်တွေကို ပန်းဆိုးတန်းလမ်းနဲ့ ဆူးလေဘုရားလမ်းကြားရှိ ကုန်သည်လမ်းပေါ်၊ ဘဏ်လမ်းပေါ်နဲ့ပန်းဆိုးတန်းလမ်းပေါ်က ယာဉ်ပါကင်တွေမှာ ရပ်နားနိုင်တယ်လို့သိရပါတယ်။

၇၁ ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဦးစီးပြီးတော့ မဟာဗန္ဒုလပန်းခြံလွတ်လပ်ရေးကျောက်တိုင်ရှေ့မှာ အလံတင်အခမ်းအနားကျင်းပပြုလုပ်သွားမယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က