သူငယ်ချင်းတွေ မင်္ဂလာဆောင်ရင်တော့ အားကျတယ်တဲ့။

မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ဟိနု်းဝေယံက အခုချိန်ထိ တစ်ကိုယ်တည်း လူပျိုကြီးပါပဲ။ လက်ရှိမှာ ပရိသတ်တွေကြားထဲ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားနေကြသလို နာမည်လေးလုံးနဲ့ သရုပ်ဆောင်မင်းသမီးနဲ့ ကြိုက်နေတယ်ဆိုပြီး ပရိသတ်တွေ ထင်ကြေးပေးတာကိုလည်း ခံနေရပါတယ်။

Photo : ဟိန်းဝေယံ FB



မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ဟိနု်းဝေယံက အခုချိန်ထိ တစ်ကိုယ်တည်း လူပျိုကြီးပါပဲ။ အခုချိန်ထိ တစ်ယောက်တည်း လွတ်လွတ်လပ်လပ်နေရာကို သဘောကျနေတုန်းပဲလို့ ဟိန်းဝေယံက ပြောပါတယ်။ သူ့အနေနဲ့ သူငယ်ချင်းတွေရဲ့ မင်္ဂလာပွဲကို တက်ရောက်ဖြစ်ပေမယ့် အားကျတဲ့ စိတ်မျိုးလည်း ဖြစ်မိသလို အားမကျတဲ့ စိတ်မျိုးလည်း ဖြစ်မိတယ်လို့ ဆိုပါတယ်။

Photo : ဟိန်းဝေယံ FB

“သူငယ်ချင်းတွေ မင်္ဂလာဆောင်ရင် အားကျတာလားရှိတယ်။ အားမကျတာလည်း ရှိတယ်။ ဒါပေမယ့် အားမကျတာ ပိုများတယ်။ အားကျတယ်ဆိုတာက ဆိုလိုချင်တာ အားကျတဲ့အပိုင်းက ပွဲမှာ ကိုယ့်ရဲ့ သူငယ်ချင်းတွေနဲ့ ကိုယ်ချျစ်တဲ့သူနဲ့ ပျော်ပျော်ရွှင်ရွှင် ဆင်နွဲတယ်။ ဒါလေးကိုကြည့် ပြီး အော်ပျော်စရာေ ကာင်းလိုက်တာပါလား။ စိတ်ထဲမှာ ကြည်နူးတယ်။ဒါပေမယ့်လည်း ရေရှည်ကျတော့ တစ်ယောက်တည်းကျတော့ ပိုပြီး လွတ်လွတ်လပ်လပ် သဘောမျိုးတော့ ရှိတယ်ထင်တာပဲ။ အဲ့ဒါကြောင့် အားကျသလိုလည်းရှိတယ်။အားမကျသလိုလည်းရှိတယ်။” လို့ ဇန်နဝါရီ(၉) ရက်နေ့ မနက်ပိုင်းက ပြုလုပ်တဲ့”ရင်ခွင်ရှင်းတမ်း” ဇာတ်လမ်းတွဲ ကန်တော့ပွဲနေ့မှာ ပြောပြခဲ့တာပါ။

Photo : ဟိန်းဝေယံ FB

လက်ရှိမှာ ပရိသတ်တွေကြားထဲ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားနေကြသလို နာမည်လေးလုံးနဲ့ သရုပ်ဆောင်မင်းသမီးနဲ့ ကြိုက်နေတယ်ဆိုပြီး ပရိသတ်တွေ ထင်ကြေးပေးတာကိုလည်း ခံနေရပါတယ်။အဲ့ဒါနဲ့ ပတ်သက်ပြီး ဟိန်းဝေယံက ယခုလို ပြန်ဖြေရှင်းခဲ့ပါသေးတယ်။

“ဟာပေါက်ပေါက်ရှာရှာဗျာ။ဘယ်ကလာ မဟုတ်ပါဘူးဗျာ။ လုံးဝမဟုတ်ပါဘူး။ ငြင်းပါတယ်။ သူနဲ့ကျွန်တော်နဲ့က ကားရိုက်တွေလည်း ဆုံတယ်။ ဟိုးအရင်ကတည်းက သူနဲ့ကျွန်တော်နဲ့ က ရိုက်ခဲ့တဲ့ အခါကျတော့ ခင်ကြတယ်။ ဒါပါပဲ ။ထင်သလိုမဟုတ်ပါဘူး” လို့ ဟိန်းဝေယံက ဆက်လက်ပြောပြခဲ့ပါတယ်။

Photo : ဟိန်းဝေယံ FB

ဟိန်းဝေယံက လက်ရှိမှာ ဒါရိုက်တာ သားညီရိုက်ကူးတဲ့ “ရင်ခွင်ရှင်းတမ်း” ရုပ်သံဇာတ်လမ်းတွဲမှာ သရုပ်ဆောင် အေးဝတ်ရည်သောင်း၊ သွန်းဆက်တိုု့နဲ့အတူ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

မကြာခင်မှာလည်း သူဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ “မာယာကကြိုး” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရုံတင်နိုင်ဖို့ ကြိုးစားနေပါတယ်။ အဲ့ဒီဇာတ်ကားထဲမှာ ဟိန်းဝေယံ၊ ဇေရဲထက်၊ ရတနာဗိုနဲ့ အခြားသော သရုပ်ဆောင် များစွာ ပါဝင်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က