တန်ဖိုးမြင့် Flagship ဖုန်းသစ်အဖြစ် ထွက်လာတာပါ

OnePlus ရဲ့ ပိုပြီးတိုးတက်မှု ရှိတဲ့ ထုတ်ကုန်သစ် ထွက်ရှိလာပြီ ဖြစ်ပါတယ်။ 


တစ်ခါက Flagship Killer အဖြစ် သွက်လက်မြန်ဆန်ပြီး စွမ်းဆောင်ရည်ကောင်းတဲ့ OnePlus Brand ကနေ တရုတ်ဈေးကွက်ထဲမှာ OnePlus 10 Pro ကို ကြေညာလိုက်တာ ဖြစ်ပါတယ်။ OnePlus 10 Pro ဟာ အရင် OnePlus 9 စီးရီးထက် ဒီဇိုင်းရော ၊ Processor နဲ့ Charging ပိုင်းပါ ပိုတိုးတက်လာပါတယ်။ OnePlus 10 Pro ဟာ တရားဝင်မကြေညာခင် ထွက်ခဲ့တဲ့ ဒီဇိုင်းတွေအတိုင်း ထူးခြားတဲ့ဧရာမကင်မရာ Bump ဒီဇိုင်း သုံးထားပါတယ်။ 




ကင်မရာပိုင်းအတွက် OnePlus 10 Pro ဟာ Hasselblad နဲ့ ပေါင်းပြီး ကင်မရာစွမ်းဆောင်ရည်ကို မြှင့်တင်ထားတာပါ။ ကင်မရာအနေနဲ့ Sony IMX89 48MP ကင်မရာ ၊ ၁၅၀ ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးနိုင်မယ့် 50MP Samsung JN1 Ultrawide ကင်မရာနဲ့ 3.3x Optical Zoom ဆွဲရိုက်နိုင်တဲ့ 8MP Telephoto lens တို့ သုံးထားပါတယ်။ Hasselblad နဲ့ ပူးပေါင်းမှုကနေ ကင်မရာပိုင်းမှာ လက်တွေ့ပြင်ပကာလတွေနဲ့ ပိုပြီး တူညီမှုနီးစပ်လာတဲ့ Natural Color Optimization 2.0 စနစ် ပါလာသလို Pro Mode 2.0 RAW Shooting Mode လည်း ပါဝင်လာပါတယ်။ 

Photo: Android Authority


OnePlus 10 Pro ဟာ ၆.၇ လက်မ LTPO 2.0 AMOLED Screen ပါရှိပြီး ရုပ်ထွက် 1440p နဲ့ ထွက်လာပါတယ်။ ဒုတိယမျိုးဆက် LTPO Panel ကြောင့် Refresh Rate ကို 1Hz ကနေ 120Hz ကို အလိုအလျောက်ပြောင်းပေးနိုင်တာကြောင့် ဘက်ထရီသုံးစွဲမှုပါ ချွေတာပေးနိုင်စွမ်း ရှိလာပါတယ်။ Processor ပိုင်းမှာ Qualcomm ရဲ့ နောက်ဆုံးထွက် Flagship Processor ဖြစ်တဲ့ Snapdragon 8 Gen 1 SoC နဲ့ လာပါတယ်။ LPDDR5 RAM 8GB/12GB နဲ့ UFS 3.1 Storage 128GB/256GB ဗားရှင်းတွေ နဲ့ ထွက်လာပါတယ်။ 


punch-hole ကင်မရာပေါက် 32MP Selfie ကင်မရာနဲ့ ဘေးဘောင်ပါးနိုင်သမျှ ပါးထားပြီး မှန်ခုံးထားတဲ့ OnePlus 10 Pro ဟာ ခေတ်ပေါ် Flagship ဖုန်းတစ်လုံးဖြစ်တဲ့အတိုင်း 5G ချိတ်ဆက်မှု ပါရှိပါတယ်။ OnePlus 10 Pro မှာ သုံးတဲ့ Snapdragon X65 Modem ဟာ 5G Networks ၊ ကြိမ်နှုန်းနဲ့ Bandwidth ပို Support ပေးနိုင်ပြီး အမြင့်ဆုံးဒေါင်းလုပ် Speed အနေနဲ့ 10Gbps အထိ ဒေါင်းလုပ်ဆွဲနိုင်မယ်လို့ ဆိုပါတယ်။ 


ဖုန်းအပူလွန်ကဲမှုပြဿနာတွေ ကာကွယ်ဖို့ OnePlus ဟာ အအေးပေးစနစ်ကိုလည်း အဆင့်မြှင့်ထားပါတယ်။ OnePlus ကတော့ ဖုန်းရဲ့ အအေးပေးစနစ်သစ်ဟာ A4 စာရွက်တစ်ရွက်ဆိုဒ်ရဲ့ ၅၅% ခန့် ရှိတယ်လို့ ဆိုပါတယ်။ အကြီးစား 5000mAh ဘက်ထရီ သုံးထားတဲ့ OnePlus 10 Pro ဟာ 80W Fast Charging နဲ့လာတာဖြစ်ပြီး ကြိုးမဲ့အားသွင်းမှုအနေနဲ့ 50W Charging ပံ့ပိုးမှု ပါရှိလာပါတယ်။ 




OnePlus 10 Pro ကို တရုတ်ဈေးကွက်မှာ Android 12 အခြေခံ ColorOS 12.1 နဲ့ လာပြီး Global ဈေးကွက်အတွက် OxygenOS နဲ့ပဲ ထွက်လာဖို့ မျှော်လင့်ရပါတယ်။ အနက်နဲ့ အစိမ်းနှစ်ရောင်နဲ့ ထွက်လာတဲ့ OnePlus 10 Pro (8/128GB) ဗားရှင်းကို ၄၆၉၉ ယွမ် (မြန်မာငွေ ၁၃ သိန်းကျော်) ဈေးနဲ့ စတင်ရောင်းချသွားမှာ ဖြစ်ပြီး အမြင့်ဆုံးမော်ဒယ် 12GB/256GB ‌ကို မြန်မာငွေ ၁၅ သိန်းနီးပါးဈေး သတ်မှတ်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က