PLAYERUNKNOWN'S BATTLEGROUND က စလိုက်တဲ့ Battle Royale ဂိမ်းရေစီးဟာ ၂၁၀၉ နှစ်ကုန်ခါနီး ရောက်လာပေမယ့် အရှိန်ကတော့မသေသေးပါဘူး။
Battle Royale ဂိမ်းထဲမှာ PLAYERUNKNOWN'S BATTLEGROUND, Fortnite နဲ့ Apex Legends တို့က နာမည်အကြီးဆုံးနဲ့ ကစားသမားပမာဏအများဆုံးပိုင်ဆိုင်ထားတဲ့ ဂိမ်းတွေဖြစ်ပြီး သူတို့လောက် နာမည်မကြီးပေမယ့် ကစားသမားအသင့်အတင့်နဲ့ ပုံမှန်လည်ပတ်နေတဲ့ Battle Royale ဂိမ်းတွေကလည်း အများကြီးရှိသလို Royale ဂိမ်းအသစ်တွေကလည်း ယနေ့အချိန်အထိ ထွက်ရှိနေဆဲပါပဲ။ အခုတစ်ခါမှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ကမှ ထွက်ရှိထားတဲ့ PlanetSide Arena ဆိုတဲ့ Battle Royale ဂိမ်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီ PlanetSide Arena ဟာ H1Z1 နဲ့လူသိများတဲ့ Daybreak Game Company က ထုတ်လုပ်ဖြန့်ချိတဲ့ ဂိမ်းဖြစ်ကာ ရှေ့မှာ PlanetSide 1 နဲ့ 2 ဆိုပြီး Series လိုက်ထွက်ရှိထားပြီး အခုတစ်ခါမှာတော့ Battle Royale ဗားရှင်း ဖြစ်တဲ့ ဒီဂိမ်းဟာ ပရိသတ်တွေရှေ့မှောက်ကို ရောက်ရှိလာပြီပဲဖြစ်ပါတယ်။ ရှေ့ကထွက်ထားတဲ့ PlanetSide Series ကို အခြေခံထားတာကြောင့် Apex Legends လိုမျိုး Sci-fi Theme နဲ့ဆော့ကစားရမှာပါ။
ဒီဂိမ်းက Battle Royale ဆိုပေမယ့် ရှေ့ကထွက်ခဲ့တဲ့ဂိမ်းတွေနဲ့ တော်တော်လေးကွာပါတယ်။ Squad နဲ့ Team ဆိုပြီး Game Mode နှစ်ခုသာရှိမှာဖြစ်ပြီး Squad Mode မှာ Squad တစ်ခုကို ၁၂ ယောက်နှုန်းနဲ့ ကစားသမား အယောက် ၃၀၀ ၊ Team Mode မှာတော့ ၃ ယောက်တစ်ဖွဲ့နှုန်းနဲ့ ကစားသမား အယောက် ၁၅၀ ပါဝင်မှာပဲဖြစ်ပါတယ်။
ပွဲတစ်ပွဲမှာပါဝင်တဲ့ ကစားသမားအရေအတွက်က များပြားသလို ကစားရမယ့် Map ကလည်း အကျယ်ကြီးပါပဲ။ ဒါပေမယ့် Battle Royale ဂိမ်းတိုင်းမှာတဲ့ Zone က ကျဉ်းတာအလွန်မြန်မှာဖြစ်တာကြောင့် တစ်ပွဲကို မိနစ် ၂၀ လောက်သာ ကြာမြင့်မှာဖြစ်တယ်လို့ သိရပါတယ်။ ပုံမှန် Battle Royale ဂိမ်းတွေရဲ့ တစ်ပွဲကြာချိန်ဟာ ၂၅ မိနစ်ကနေ ၄၅ မိနစ်အကြားမှာရှိတတ်တာကြောင့် PlanetSide Arena ရဲ့တစ်ပွဲကြာချိန်က တော်တော်လေးကို နည်းတယ်လို့ဆိုရမှာပါ။
ဒီဂိမ်းမှာ ဇာတ်ကောင်တွေကို Class သုံးမျိုးခွဲထားမှာဖြစ်ပြီး အဲဒီသုံးမျိုးကတော့ Assault Class, Medic Class နဲ့ Engineer Class တို့ပဲဖြစ်ပါတယ်။ Class တစ်ခုချင်းစီတိုင်းမှာ Special Abilities တွေပါဝင်မှာဖြစ်သလို သီးသန့်လက်နက်တွေကို Class အလိုက်ကိုင်တွယ်နိုင်မှာဖြစ်ပါတယ်။
ဒီဂိမ်းမှာတော့ တခြား Battle Royale ဂိမ်းတွေလို Vehicle ရှာစရာလိုမှာမဟုတ်ဘဲ ကိုယ်တိုင် Summon လုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ Zone ကျဉ်းတာအရမ်းမြန်တဲ့ ဒီဂိမ်းအတွက်တော့ ထည့်ကိုထည့်ပေးသင့်တဲ့ Feature ပါ။ ဒါ့အပြင် ကိုယ့် Teammate တစ်ယောက်က Knock Down ဖြစ်သွားရင် Revive ပြန်လုပ်နိုင်မှာဖြစ်သလို လုံးဝသေသွားခဲ့မယ်ဆိုရင်လည်း Resurrect ပြုလုပ်ပြီး ကစားပွဲထဲကို ပြန်လည်ခေါ်ယူနိုင်မှာပဲ ဖြစ်ပါတယ် (ဒါလည်း Apex Legends လိုပါပဲ)။
ဒီဂိမ်းရဲ့ Rating ကတော့လောလောဆယ်မှာ Mixed ဖြစ်နေပြီး ထွက်ထားတာ မကြာသေးတာကြောင့် Player Base လည်း နည်းနေပါသေးတယ်။ ဒီဂိမ်းကို စိတ်ဝင်စားတယ်၊ ကစားချင်တယ် ဆိုတဲ့သူတွေအတွက် System Requirement ကိုပါ တစ်ခါတည်းဖော်ပြလိုက်ပါမယ်။
OS: Windows 7, 8, 8.1, 10 (64 bit only)
Processor: Intel i5-2500K
Memory: 8 GB RAM
Graphics: NVIDIA GeForce GTX 560 series or higher
DirectX: Version 10
Network: Broadband Internet connection
Storage: 20 GB available space
Sound Card: DirectX Compatible Sounds Card
ဒီဂိမ်းကို Steam မှာ Early Access နဲ့ အခမဲ့ဒေါင်းလုတ်ဆွဲကာ ကစားနိုင်မှာဖြစ်ပြီး File Size ကတော့ 8.6 Gb သာရှိပါတယ်။
Written by Myo Thant Kyaw
Share