ဖွေးဖွေးက လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတို ဇာတ်ကား ၃၀ ထဲမှာ တစ်ဖက်တစ်လမ်းက ပါဝင်ခွင့်ရခဲ့လို့ ပျော်ရွှင်နေတာ တွေ့ရပါတယ်။ ဒါကြောင့် လူ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး သူမရဲ့ စိတ်သဘောထားကို အခုလို ရင်ဖွင့်ပြောပြထားပါတယ်။
Photo: Amazing Grace
သရုပ်ဆောင် ဖွေးဖွေးဟာ လူ့အခွင့်အရေး အချက် ၃၀ နဲ့ ဇာတ်လမ်းတို ၃၀ ပြသမယ့် အစီအစဉ်အတွက် ကိုယ်တိုင် စိတ်လှုပ်ရှားလို့နေပါတယ်။ ဒီဇာတ်လမ်းတိုတွေထဲမှာလည်း သူမကိုယ်တိုင် တစ်ဖက်တစ်လမ်းက ပါဝင်ခွင့်ရတဲ့အပေါ် ဝမ်းသာပီတိဖြစ်မိတယ်လို့ ဆိုပါတယ်။
‘’All Human Beings are born free and equal in dignity and rights #EleanorRoosevelt လူသားတိုင်းသည်မွေးဖွားလာစဉ်ထဲ က လွတ်လပ်၍ ညီမျှသော ဂုဏ်သိက္ခာ နှင့်အခွင့်အရေးရှိသည်။ခုန က ဖွေး Share ထားတဲ့ UN ကထုတ်ပြန်ထားတဲ့ The 30 Universal Declaration of Human Rights ...လူ့အခွင့်အရေး ၃၀ ချက် Short Video clips တွေ ထဲမှာ Human Rights ချစ်မြတ်နိုးမိသူပီပီ တခြားသော အနုပညာမောင်နှမများနဲ့အတူ တစ်ထောင့်တစ်နေရာ က ပါဝင်အားဖြည့်ခွင့်ရတာ အရမ်းဝမ်းသာပါတယ်’’ ဆိုပြီးတော့ ဇွန်လ ၄ ရက်နေ့ မနက် ၆ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဒါရိုက်တာ ပြည့်ဇော်ဖြိုးရဲ့ Post ကိုShare လုပ်ရင်း ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: Phway Phway
ဒါကြောင့် ဖွေးဖွေးက သူချစ်တဲ့ ပရိသတ်လေးတွေကိုလည်း လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အရာတွေကို သိရှိနားလည်စေချင်တဲ့ ဆန္ဒလေးကို ရင်ဖွင့်ပြောပြခဲ့ပါတယ်။
‘’လောလော ဆယ် လူအခွင့်အရေးနဲ့ပတ်သက်ရင် အားနည်းနေပေမယ့် လူများများ အချင်းချင်းပိုပြီး မလုပ်သင့်တာ မဖြစ်သင့်တာလေးတွေသိလေ ပိုပြီး လင်းလက်တဲ့ တိုးတက်တဲ့ နေရာတစ်ခုကို ရောက်လာမှာ ပါလေ။ Have a Great day my darlings, ဖွေးအပါအဝင် အားလုံးပဲ ကိုယ့် Rights ကိုယ်, သူများRights ကို တူတူ သိနားလည်တဲ့ အသိအမှတ်ပြုပေးနိုင်တဲ့ ကာကွယ်နိုင်တဲ့လူတွေဖြစ်ကြပါစေ’’ ဆိုပြီးတော့ ဆက်လက်ရေးသားထားပါသေးတယ်။
Photo: Pyae Zaw Phyo
လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဇာတ်လမ်းတို (၃၀) စလုံးကို ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ကိုယ်တိုင်ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတို ဇာတ်ကား၃၀ စလုံးမှာလည်း သရုပ်ဆောင် ဇဏ် ခီ၊ မင်းသွေး၊ နေထူးနိုင်၊ ရဲလေး၊ အောင်မြင့်မြတ်၊ ရတနာဗိုလ်၊ ဖြိုးငွေစိုး၊ အောင်ခိုင်၊ ဝါဝါအောင်၊ ကျော်ဇောဟိန်း၊ ခင်မို့မို့အေး၊ သွန်းဆက်၊ မျိုးမျိုးခိုင် ၊ ကျော်ကျော်၊ မင်းမော်ကွန်း ၊ ကျော်ကျော်ဗိုလ်၊ မေကဗျာ၊ ထွန်းထွန်း (Examplez) ၊ ဦးဝင်းမြိုင်၊ ဘုဏ်းသိုက်၊ ဒေါင်း၊ ရပ်ဆဲစ်၊ မေဂရေ့စ်ပယ်ရီ၊ ရဲအောင်၊ နေဆန်း၊ ထူးမွန်၊ လင်းထက်၊ ခြူးပြည့်အိမ်စည်၊ နေမျိုးအောင်၊ ရဲမွန်၊ ဦးပေါ်လေး၊ လူမင်း၊ ကောင်းပြည့်၊ ပိုင်ဖြိုးသု၊ မို့မို့မြင့်အောင်၊ ရဲတိုက်၊ မေ၊ အောင်မိုး၊ ညီထွဋ်ခေါင်၊ နန်းဆုဦး၊ နေတိုး၊ ပြေဇင်၊ ဖူးစုံ၊ ဖွေးဖွေး၊ ဆုအမရာလင်း၊ ဓီရာမိုရ် နှင့် ဂီတကဗျာ သံစုံတီးဝိုင်း၊ သားညီ၊ အေးမြတ်သူ၊ မီမီဝင်းဖေ၊ ဦးဝင်းဖေ၊ လင်းလင်း၊ ဝိုင်း၊ ဟန်ထူးလွင်၊ R ဇာနည်၊ ရန်ရန်ချမ်း၊ အကြည်တော်၊ သံသာဝင်း၊ အရိုး၊ ချစ်သုဝေ၊ အနဂ္ဂ၊ ဂျူး၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ချစ်ဦးညို၊ သန်းမြင့်အောင်၊ ဒေါက်တာခင်မမမျိုး၊ မသီတာ (စမ်းချောင်း)၊ ဦးမြအေး၊ သစ္စာနီ၊ ဦးဘိုကြည်၊ အော်ပီကျယ်၊ နေဘုန်းလတ်၊ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ မမေစံပါယ်ဖြူ၊ အောင်ဇင်မင်း၊ မြင့်မိုးအောင်၊ ဦးအောင်မျိုးမင်း၊ မနီလာသိန်း တို့က အဓိက ပါဝင်အားဖြည့် သရုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
Photo: Amazing Grace
ဖွေးဖွေးဟာ ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။