မန်ချက်စတာယူနိုက်တက်ဟာ လူအမြင်ကပ်ဆုံး ပရီးမီးယားလိဂ်ကလပ်အသင်းအဖြစ် ခါးသီးပြိုင်ဘက် လီဗာပူးလ်ရဲ့အထက်မှာ ရပ်တည်နေတယ်လို့ စစ်တမ်းအသစ်အရ သိရပါတယ်။
Midnite က လေ့လာဆန်းစစ်မှုတစ်ခုကို ဦးဆောင်ခဲ့တာဖြစ်ပြီး အင်္ဂလိပ်ထိပ်တန်းပြိုင်ပွဲမှာ မတူညီတဲ့ ပရိသတ်တွေရဲ့ ထင်မြင်ယူဆချက်ကို သိရဖို့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို တက်ရောက်ကြည့်ရှုခဲ့တဲ့ ပရိသတ် ၁၀၀၂ ဦးနဲ့ စကားပြောဆိုခဲ့တာဖြစ်ပါတယ်။တွေ့ရှိချက်တွေအရ မန်ချက်စတာယူနိုက်တက်ဟာ လူအမြင်ကပ်ခံရတဲ့နေရာမှာ ထိပ်ဆုံးကနေ ရပ်တည်နေပြီး ၁၉.၉ ရာခိုင်နှုန်း မဲပေးခြင်းခံခဲ့တာကြောင့် ၅ ဦးမှာ ၁ ဦးက မန်ယူနိုက်တက်ပရိသတ်တွေကို မနှစ်သက်ကြောင်း မဲပေးခဲ့ကြတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်တက်နောက်မှာတော့ လီဗာပူးလ်က ၁၅.၆ ရာခိုင်နှုန်းနဲ့ ရပ်တည်နေပြီး ချဲလ်ဆီးနဲ့ အာဆင်နယ်တို့က ၉.၂ ရာခိုင်နှုန်း၊ ၈.၈ ရာခိုင်နှုန်းနဲ့ တတိယ၊ စတုတ္ထအသီးသီး ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။
လိဒ်ယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ကတော့ ၆.၆ ရာခိုင်နှုန်းနဲ့ ပဉ္စမနေရာမှာ ပူးတွဲရပ်တည်နိုင်ခဲ့တာဖြစ်ပြီး လီဗာပူးလ်ပရိသတ်တွေက မန်ယူနိုက်တက်တက်ပရိသတ်တွေကို မနှစ်သက်ကြောင်း မဲပေးမှု ၄၂.၆၈ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ခဲ့ပါတယ်။
အံ့အားသင့်စရာကောင်းတာကတော့ မန်ချက်စတာယူနိုက်တက် ပရိသတ်တွေကတော့ မနှစ်သက်ဆုံးပြိုင်ဘက်အသင်းပရိသတ်ကို ရွေးချယ်ရာမှာ လီဗာပူးလ်ထက် လိဒ်စ်ယူနိုက်တက်ပရိသတ်တွေကို ရွေးချယ်ခဲ့ပြီး ၄၂.၆၈ ရာခိုင်နှုန်းအထိ ရှိခဲ့တာ ဖြစ်ပါတယ်။