ပရဟိတအလုပ်တွေနဲ့ ပတ်သက်ပြီး သူ့အတွက် မှတ်တိုင်တစ်ခုပါပဲ။

ဦးကျော်သူဟာ ပရဟိတအလုပ်နဲ့ ပတ်သက်ပြီး သူ့အတွက် အမှတ်တရတွေရှိတဲ့ ဘွဲ့တော့ ရခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ လက်ရှိမှာ ပရဟိတလုပ်ငန်းတွေနဲ့ အနုပညာအလုပ်တွေလည်း လုပ်ဆောင်နေသူ တစ်ယောက်ပါ။


Photo: Kyaw Thu

ဦးကျော်သူဟာ သူ့အနေနဲ့ တက္ကသိုလ်က ပေးအပ်တဲ့ ဘွဲ့မရခဲ့ပေမယ့် ပရဟိတအလုပ်နဲ့ပတ်သက်ပြီး လူသားချင်းစာနာမှုဆိုင်ရာ ဝန်ဆောင်မှု ဒေါက်တာဘွဲ့ရခဲ့တယ်လို့ ဆိုပါတယ်။

‘’တက္ကသိုလ်က ဘွဲ့မရခဲ့ပေမယ့် ပရဟိတနဲ့ပါတ်သက်သည့် လူသားချင်း စာနာမှုဆိုင်ရာဝန်ဆောင်မှု ဒေါက်တာဘွဲ့ တော့ရခဲ့ဘူးပါရဲ့ဗျာ’’ ဆိုပြီးတော့ ဇူလိုင်လ ၁ ရက်နေ့ နေ့လယ် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ဇနီးမောင်နှံနှစ်ယောက်အတူတူ ဘွဲ့ယူထားတဲ့ ဓာတ်ပုံကိုလည်း တင်ထားတာ တွေ့ရပါတယ်။

Photo: Kyaw Thu

ဦးကျော်သူက လက်ရှိမှာ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ ဝရဇိန် ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ အတူ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေတာ တွေ့ရပါတယ်။ သူဟာ အနုပညာအလုပ်တွေလည်း ဆောင်ရွက်နေတာဖြစ်သလို နာရေးကူညီမှုအသင်းကြီးကိုလည်း ဦးဆောင်စီမံနေသူ ဖြစ်ပါတယ်။ ဒီအသင်းကနေ အလှူအတန်းတွေ၊ ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

Photo: Kyaw Thu

ကျော်သူဟာ ၁၉၉၄ခုနှစ်တွင် အကောင်း ဆုံးအမျိုးသားဇာတ်ဆောင်ဆုကို "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ၂၀၀၃ခုနှစ် မှာတော့ အကောင်းဆုံးဒါရိုက်တာဆုကို အမေ့နို့ဖိုး ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိထားသူ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ၂၀၁၈ ခုနှစ်အတွက် Star Awards ဆုချီးမြှင့်ပွဲမှာ ‘’ပုဂံမြို့သူ’’ ရုပ်သံဇာတ်လမ်းတွဲနဲ့ အကောင်းဆုံး ဇာတ်လမ်းတွဲ ဒါရိုက်တာဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က