ဈေးအကြီးဆုံး ဖုန်းနံပါတ်က ပေါင် ၁.၅ သန်းနဲ့ရောင်းထွက်ခဲ့ပါတယ်။

     တရုတ်နိုင်ငံမြောက်ပိုင်းက အွန်လိုင်းလေလံတစ်ခုမှာ ဖုန်းနံပါတ်တစ်ခုကို ယွမ် ၃ သိန်းခွဲကျော် (မြန်မာငွေ ၇၅၅ သိန်းကျော်) နဲ့ရောင်းထွက်ခဲ့ပါတယ်။

         ၅ ဂဏန်း ၅ လုံးနဲ့အဆုံးသတ်တဲ့ ဒီနံပါတ်ကို မင်္ဂလာရှိတဲ့ ဖုန်းနံပါတ်အဖြစ် သတ်မှတ်ပြီး ကြမ်းခင်းဈေး ၁၁၂၅၀ ယွမ်ထက် အဆ ၃၀ ကျော်ပေးပြီး ဝယ်ယူသွားတာပါ။ ၂၄ နာရီကြာမြင့်တဲ့ ဒီလေလံမှာ လူပေါင်း ၁၄၀ လေလံဆွဲဖို့စာရင်းပေးခဲ့ပြီး လေလံဆွဲမှုပေါင်း ၁၀၇ ခု ရှိခဲ့ပါတယ်။ ကံကောင်းတဲ့ ဖုန်းနံပါတ် လေလံအောင်သူဟာ Li Zisheng ဆိုသူ ဖြစ်တယ်လို့ဆိုပါတယ်။



         South China Morning Post မှာ ဖော်ပြချက် အင်္ဂါနေ့ညနေက ကျင်းပခဲ့တဲ့ ဒီလေလံဟာ Alibaba ရဲ့ Sifa court လေလံပလက်ဖောင်းကနေ လေလံပစ်ခဲ့တာပါ။ တရုတ်နိုင်ငံမှာ Lucky လို့သတ်မှတ်ထားတဲ့ ဖုန်းနံပါတ်တွေ ၊ ကားနံပါတ်ပြားတွေကို ဈေးကြီးပေးဝယ်တာ သိပ်တော့ မထူးဆန်းပါဘူး။ တရုတ်နိုင်ငံမှာ ၆ ၊ ၈ နဲ့၉ ဂဏန်းတွေဟာ လူကြိုက်များတဲ့ ကိန်းဂဏန်းတွေလည်း ဖြစ်ပါတယ်။


Photo: Feng Shui - LoveToKnow

         ၆ ဂဏန်းဟာ ခွန်အားကို ကိုယ်စားပြုပြီး ၈ နဲ့၉ ဂဏန်းတွေကတော့ ကြွယ်ဝမှုနဲ့အသက်ရှည်ခြင်း ဖော်ဆောင်နေပါတယ်။ နံပါတ် ၅ ဂဏန်းကတော့ ပျော်ရွှင်ခြင်း နဲ့ဓနဥစ္စာကြွယ်ဝခြင်းကို ကိုယ်စားပြုတယ်လို့တရုတ်လူမျိုးတွေက ယုံကြည်ကြပါတယ်။ ဒါကြောင့်ပဲ ကံကြမ္မာကောင်းဖို့ချမ်းသာကြွယ်ဝဖို့အတွက် တရုတ်တွေဟာ Lucky number တွေကို ဆောင်ကြတာပါ။

         တရုတ်နိုင်ငံမှာ ဈေးအကြီးဆုံး ဖုန်းနံပါတ်တစ်ခုကို ၂၀၁၄ ခုနှစ်က လေလံတစ်ခုမှာ ကန်ဒေါ်လာ ၆၈၀၀၀၀ (မြန်မာငွေ သိန်း ၁ သောင်းကျော်) နဲ့စံချိန်တင် ရောင်းထွက်ခဲ့ပါတယ်။ ဒီဖုန်းနံပါတ်မှာတော့ ၈ ဂဏန်းနဲ့၅ ဂဏန်းတွေပါပါတယ်။ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ဖုန်းနံပါတ်ကတော့ ကာတာနိုင်ငံမှာ ၂၀၀၆ ခုနှစ်က ရောင်းထွက်ခဲ့တဲ့ ၆၆၆၆၆၆၆ ဆိုတဲ့ ဖုန်းနံပါတ်ဖြစ်ပြီး ပေါင်စတာလင် ၁.၅ သန်း (မြန်မာငွေ သိန်း ၂၉၆၃၀ ကျော်) နဲ့ရောင်းထွက်သွားခဲ့ပါတယ်။

      


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က