ZTE လည်း ပိတ်ခံရပါတယ်

5G ကွန်ရက်သစ် စီမံကိန်းကို သွားနေတဲ့ သြစတြေးလျအစိုးရဟာ နိုင်ငံ့လုံခြုံရေးစိုးရိမ်မှုကြောင့် Huawei Technologies ထံမှ ကွန်ရက်သုံး ပစ္စည်းအစိတ်အပိုင်းများ မှာယူမှုကိုု ပိတ်ပင်တားမြစ်လိုက်ပြီ ဖြစ်ပါတယ်။

Australia-set-to-impose-5G-ban-on-Huawei-article.jpg

Photo: Telecom Review Asia

 

သြစတြေးလျအစိုးရ ပြည်ထဲရေးနဲ့ဆက်သွယ်ရေးဌာန နှစ်ရပ်ပေါင်းပြီး ဒီကြေငြာချက် ထုတ်ပြန်ခဲ့တာပါ။ Huawei အပြင် ZTE ကိုပါ ပိတ်ပင်လိုက်တာ ဖြစ်ပြီး ဒီသတင်းကို Huawei မှလည်း အတည်ပြုထားပါတယ်။

"သြစတြေးလျရဲ့ 5G နည်းပညာပိုုင်းအတွက် ထောက်ပံ့မှုကနေ Huawei နဲ့ZTE တို့ကို ပိတ်ပင်လိုက်တယ်လိုု့အစိုးရကနေ ကျွန်တော်တို့ဆီကို အကြောင်းကြားထားပါတယ်" လို့Huaewi ရဲ့ သြစတြေးလျရုံးချုပ်မှ Twitter မှာ သတင်းထုတ်ပြန်ပါတယ်။ "ဒါဟာ သုံးစွဲသူ consumers တွေအတွက် အလွန့်အလွန်ကို စိတ်ပျက်စရာပါ" လို့လည်း ဖော်ပြထားပါတယ်။

သြစတြေးလျအစိုးရရဲ့ ထုတ်ပြန်ချက်မှာတော့ တရုတ်မှ ကွန်ရက် supplier တွေနာမည်ကို ဖော်ပြမထားဘဲ နိုင်ငံခြားအစိုးရနဲ့တစ်ဖက်လှည့် သြဇာ သက်ရောက်တဲ့ vendors တွေဟာ လာမယ့် 5G ကွန်ရက်ကို ဝင်ရောက်ခြယ်လှယ်သွားမှာ စိုးရိမ်ရတယ်လို့ဆိုပါတယ်။ Huawei ကတော့ ဘေဂျင်းအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမနေဘူးလို့အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

Huawei ရဲ့ အဆိုအရ ကုမ္ပဏီဟာ သြစတြေးလျမှာ ၁၅ နှစ်နီးပါး ဘေးကင်းစိတ်ချရတဲ့ ကြိုးမဲ့နည်းပညာဖြစ်တဲ့ 5G မှာ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီအဖြစ် ရှိနေတာပါလို့ဆိုပါတယ်။ Huawei နဲ့ZTE တို့ဟာ ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ အမေရိကန်ရဲ့ NDAA ဥပဒေရဲ့ တားမြစ်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

Photo: Wall Street Journal

 

ကမ္ဘာ့အကြီးဆုံး တယ်လီကွန်းကွန်ရက်လုပ်ငန်းနဲ့ကမ္ဘာ့တတိယအကြီးဆုံး စမတ်ဖုန်း supplier ဖြစ်တဲ့ Huawei ဟာ ယခုလို ပိတ်ပင်မှုများကြောင့် အခြား ဖောက်သည်များ ဆုံးရှုံးမယ့် အလားအလာနဲ့တွေ့ကြုံနေရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က