သရုပ်ဆောင် အိချောပိုတစ်ယောက် ကင်းကောင်အတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။ လောကကြီးမှာ လူတော်တိုင်းဟာ လူကောင်းမဖြစ်နိုင်သလို လူကောင်းတိုင်းဟာလည်း လူတော်မဖြစ်နိုင်ဘူးတဲ့။ ဒါပေမဲ့ လူရွှင်တော်သရုပ်ဆောင် ကင်းကောင်ကတော့ လူတော်လူကောင်းတစ်ယောက်ဖြစ်တယ်လို့ ပြောထားပါတယ်။
သရုပ်ဆောင် အိချောပိုဟာ ကင်းကောင်ရဲ့ ဈာပနပုံရိပ်လေးတွေကို သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ရင်း ဝမ်းနည်းစကားပြောထားတာတွေ့ရပါတယ်။
လောကကြီးမှာ လူတော်တိုင်းဟာ လူကောင်းမဖြစ်နိုင်သလို လူကောင်းတိုင်းဟာလည်း လူတော်မဖြစ်နိုင်ဘူးတဲ့။ ဒါပေမဲ့ လူရွှင်တော်သရုပ်ဆောင် ကင်းကောင်ကတော့ လူတော်လူကောင်းတစ်ယောက်ဖြစ်တယ်လို့ ပြောထားပါတယ်။
Photo : ကင်းကောင်
“ဪ လောကကြီးမှာ.....လူတော်တိုင်းလည်း လူကောင်းမဖြစ်နိုင်သလိုလူကောင်းတိုင်းလည်း လူတော်မဖြစ်နိုင်ဘူးလေနှစ်ဖက်လုံးပြည့်စုံတဲ့ လူတော်လူကောင်းဆိုတာ ရှိတော့ရှိတယ်..... ဒါပေမယ့်..... ရှားတယ်။အဲလိုရှားပါတယ်ဆိုတဲ့ လူတွေထဲကမှခုလူတော်လူကောင်းတစ်ယောက်ဆုံးရှုံးရပြန်ပြီ.လူတော်လို့ဘာလို့ပြောလဲဆိုရင်သူ့အနုပညာသူ့အလုပ်ပေါ်သစ္စာရှိလို့တော်လို့လူကောင်းလို့ဘာလို့ပြောလဲဆိုရင် သူ့မိသားစုသူ့အသိုင်းအဝိုင်းသူ့ပတ်ဝန်းကျင်အပေါ်အမြဲတမ်းစိတ်စေနာကောင်းထားလို့...” ဆိုပြီး ဇန်နဝါရီ(၂၄) ရက်နေ့က ကင်းကောင်ရဲ့ နောက်ဆုံးပုံလေးတွေကို တင်ပြီး ရေးသားထားတာပါ။ ဦးကင်းတစ်ယောက် ကောင်းရာ သုဂတိလားပါစေဆိုပြီး အိချောပိုက ဆုတောင်းမေတ္တာပို့ထားပါသေးတယ်။
သရုပ်ဆောင် ကင်းကောင်ရဲ့ သတင်းကို ကြားကတည်းက အိချောပိုတစ်ယောက် စိတ်မကောင်းဖြစ်နေခဲ့တာပါ။ ဟာသသရုပ်ဆောင် လူရွှင်တော် ကင်းကောင်ရဲ့ ဈာပနကိုတော့ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်းက မြောက်ဥက္ကလာမြို့နယ်ရှိ ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။ ဦးကင်းကောင်ရဲ့ နောက်ဆုံးခရီးကို မိသားစုဝင် တွေနဲ့ အတူ အနုပညာအသိုင်းအဝိုင်းက မောင်နှမတွေကလည်း လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။
ကင်းကောင်ဟာ ဇန်နဝါရီ(၂၂) ရက်နေ့ နံနက်ခင်းက ပုပ္ပါးမှာ ရုတ်တရက် ဆုံးပါးသွားခဲ့တာပါ။ သဘောကောင်း လွန်းတဲ့ ဝါရင့်သရုပ်ဆောင် ကင်းကောင်ရဲ့ နာရေးသတင်းကြောင့် အားလုံး အံ့သြစိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ပုပ္ပားမှာ အအေးဒဏ်ကြောင့် ချွဲကြပ်ဆုံးပါးသွားတဲ့ ကင်းကောင်ရဲ့ သက်မဲ့ ရုပ်အလောင်းကို ပုပ္ပားကနေ ရန်ကုန်သို့ ဇန်နဝါရီ(၂၂) ရက်နေ့က ချက်ချင်းပဲ သယ်ဆောင်လာခဲ့ပြီး ရန်ကုန်မြို့၊ ရေဝေးသုသာန် ရေခဲတိုက်သို့ ပို့ဆောင်ခဲ့ပါတယ်။