စည်ဖြိုးက ကျန်းမာရေးမကောင်းဖြစ်နေတဲ့ လူရွှင်တော်ကြီး ဦးဝင်းနိုင် ဆီသွားရောက်လည်ပတ်ခဲ့ပါတယ်။ အနုပညာအလုပ်ကို ရူးသွပ်လွန်းတဲ့ စည်ဖြိုးဟာ သူလက်ခံထားတဲ့ ကာရိုက်တာအတွက် ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေ ရတဲ့အထိအောင် ကြိုးစား ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။
Photo: Si Phyo Facebook
သရုပ်ဆောင် စည်ဖြိုးက ကျန်းမာရေးမကောင်းဖြစ်နေတဲ့ လူရွှင်တော်ကြီး ဦးဝင်းနိုင် ဆီသွားရောက်လည်ပတ်ခဲ့ပါတယ်။ အရင်တုန်းကလည်း ကျန်းမာရေးမကောင်းဖြစ်နေတဲ့ ဟာသလူရွှင်တော် ဦးမန်းဝင်းနဲ့ ဟာသသရုပ်ဆောင် ကစ်ကစ် တို့ဆီ သွားရောက်ပြီး ကျန်းမာရေး ထောက်ပံ့ငွေများလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
'' ဘဝဆိုတာ ဘာကြုံကြုံ ပျော်အောင်နေဖို့သက်သက်ပါ" ဆိုတဲ့ အဖေကြီးဦးဝင်းနိုင်မကြာခင် အမြန်ဆုံးသက်သာပါစေ။ ညာဘက် လက် နဲ့မြင်တဲ့အတိုင်းလက်မောင်းတောင်လှဲပြလိုက်သေး။ ပျော်ပျော်ပဲ'' ဆိုပြီးတော့ စက်တင်ဘာလ ၇ ရက်နေ့ ညနေ ၅ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။
Photo: Si Phyo Facebook
သရုပ်ဆောင် စည်ဖြိုးက အခုလက်ရှိမှာတော့ အက်ရှင်ဇာတ်လမ်းတွဲတစ်ခုကို ယိုးဒယားလူမျိုး ဒါရိုက်တာနဲ့ စတင်ရိုက်ကူးနေပါပြီ။ ဒီ ဇာတ်လမ်း တွဲရိုက်ဖို့ ကိုလည်း သိုင်းတွေ ၇ လ အကြာ သိုင်းတွေ သင်ခဲ့ရတယ်ဆိုပြီးတော့ Duwun Media ကိုပြောပြခဲ့ပါတယ်။
ဒီဇာတ်လမ်းတွဲရိုက်ဖို့အတွက် တခြား ဇာတ်ကားတွေ လက်မခံပဲ ၇ လတိတိ ဓားသိုင်းသင်ရတယ်၊ တုတ်သိုင်းသင်ရတယ်၊ ထီးနဲ့ သိုင်းချတဲ့ သိုင်းလည်း သင်ရတယ်။ မြန်မာလက်ဝှေ့လည်း သင်ရတယ်။ ၄ လလောက်သင်ပြီးတော့ ကျွန်တော့်ကို စာမေးပွဲစစ်တယ်။ ပြီးတော့ ၃ လလောက်ထပ်ပြီးတော့ လေ့ကျင့်ရတယ်။ အခုဆို ၂ လရှိပြီ ရိုက်တာ'' လို့ဆိုပါတယ်။
Photo: Si Phyo Facebook
ဦးမန်းဝင်း ကျန်းမာရေးအတွက်ထောက်ပံ့ငွေလှူဒါန်းခဲ့တဲ့ စည်ဖြိုး
အနုပညာအလုပ်ကို ရူးသွပ်လွန်းတဲ့ စည်ဖြိုးဟာ သူလက်ခံထားတဲ့ ကာရိုက်တာအတွက် ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေ ရတဲ့အထိအောင် ကြိုးစားပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် အကောင်းဆုံး ကြိုးစားသွားမယ်လို့လည်း ပြောပါတယ်။ ဒီအက်ရှင်ဇာတ်လမ်းတွဲလေး က မကြာခင် ပရိသတ်အရှေ့ရောက်လာတော့မှာပါ။
Photo: Si Phyo Facebook
စည်ဖြိုးဟာ လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှု ပြုုလုပ်နေပေမယ့်လည်း ဇာတ်လမ်းလေးတွေကို ရွေးချယ်ရိုက်ကူးလျက်ရှိပါတယ်။ လက်ရှိမှာ လည်း "အလင်းထဲကလူ "အက်ရှင်ဇာတ်လမ်းတွဲရိုက်ကူးနေတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့သော လပိုင်း လောက်ကလည်း ဒါရိုက်တာ စတီးရိုက်ကူးခဲ့တဲ့ ""နိုင်ငံကြီးသား" ရုပ်ရှင်ဇာတ်မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။