မှုံနံ့သာကျော်ရဲအောင်ကတော့ ဖခင်ဖြစ်သူ သရုပ်ဆောင်ကျော်ရဲအောင်နဲ့ အနုပညာအလုပ်တွေ အတူတွဲလုပ်ချင်တဲ့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။ သူမကိုယ်တိုင်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ မလုပ်ဖြစ်သေးတဲ့အကြောင်းကို ဆက်လက်ပြောပြလာပါတယ်။
Photo: Mhone Nanthar
သရုပ်ဆောင်ကျော်ရဲအောင်ရဲ့ အနုပညာမျိုးဆက်တစ်ဦးဖြစ်တဲ့ မှုံ့နံ့သာကျော်ရဲအောင်ကိုလည်း ပရိသတ်တွေက ချစ်ခင်အားပေးလျှက်ရှိပါတယ်။ သူမကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တဲ့အကြောင်းကို Duwun Media ကနေတဆင့် ပြောပြလာပါတယ်။
Photo: Mhone Nanthar
အဲဒီနောက် ဖခင်ဖြစ်သူ အကယ်ဒမီကျော်ရဲအောင်ကလည်း အနုပညာနဲ့ပတ်သက်လာရင် သမီးဖြစ်သူရဲ့ ဆန္ဒအတိုင်းသာ လွတ်လပ်ခွင့်ပေးထားတယ်လို့ မှုံနံ့သာကျော်ရဲအောင်က ဆက်လက်ပြောပြလာပါတယ်။
‘’သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ဆိုတာ အရမ်းကြိုးစားမှုတွေ အများကြီး လိုအပ်ပါတယ်။ ဖေဖေကပြောတယ်၊ တကယ်ဖြစ်ချင်တာလားပေါ့၊ ဒီအလုပ်က စိတ်ရော၊ လူရော ပင်ပန်းတယ်ဆိုတော့ ညီမကို သေချာစဉ်းစားခိုင်းတယ်။ ငယ်ငယ်တုန်းကတော့ ဖေကြီး ဇာတ်ကားတွေတိုင်းမှာ အမြဲပါဖြစ်တယ်။ အခုချိန်မှာတော့ လိုအပ်ချက်တွေ ရှိပါသေးတယ်’’ လို့ သူကဆိုပါတယ်။
Photo: Mhone Nanthar
မှုံနံ့သာကျော်ရဲအောင် (Mhone Nanthar Kyaw Ye Aung)ကိုတော့ ‘’ဆယ်လီ’’ရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲဒီနောက် သရုပ်ဆောင် ကျော်ရဲအောင်ရဲ့ သမီးလို့ သိလိုက်ရတဲ့အချိန်မှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ပိုမိုရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ ဖခင်ဖြစ်သူရဲ့ အနုပညာအလုပ်တွေကို လေ့လာနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။