ကလေးတစ်ဦးသာယူခွင့်ရှိတဲ့ မူဝါဒကို ဖြေလျှော့ပေးခဲ့ပေမဲ့လည်း မွေးဖွားနှုန်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့ပါတယ်။

လူဦးရေ ၁.၄ ဘီလီယံရှိလာပြီဖြစ်တဲ့ တရုတ်မှာ နိုင်ငံတည်ထောင်ခဲ့ပြီးနောက် နှစ်ပေါင်း ၇၀ အတွင်း ကလေးမွေးဖွားနှုန် အနိမ့်ဆုံးသို့ ကျဆင်းခဲ့ကြောင်း သိရပါတယ်။

(Photo: Frederic J. Brown/AFP/Getty Images)

ဝေဖန်မှုတွေရှိခဲ့တဲ့ စုံတွဲတစ်တွဲလျှင် ကလေးတစ်ဦးသာယူခွင့်ရှိတဲ့ မူဝါဒကို ဖြေလျှော့ပေးခဲ့ပေမဲ့လည်း တရုတ်မှာ မွေးဖွားနှုန်း အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ၂၀၁၉ ခုနှစ်အတွင်း ကလေးမွေးဖွားနှုန်းဟာ လူ ၁,၀၀၀ လျှင် ၁၀.၄၈ ဖြစ်ခဲ့ပြီး ၁၉၄၉ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးဖြစ်ကြောင်း စာရင်းအင်းဌာနက (National Bureau of Statistics) က ပြောပါတယ်။



၂၀၁၉ ခုနှစ်အတွင်း တရုတ်မှာ ကလေး ၁၄.၆၅ သန်း မွေးဖွားခဲ့ပြီး ယခင်ကထက် ၅၈၀,၀၀၀ လျော့နည်းသွားခဲ့တယ်လို့ ဆိုပါတယ်။ တရုတ် ကလေးမွေးဖွားနှုန်းဟာ နှစ်အတန်ကြာ ကျဆင်းနေခဲ့တာဖြစ်ပြီး ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားကြီးနိုင်ငံအတွက် စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်နေပါတယ်။

(Graph: BBC)

တရုတ်မှာ ကလေးမွေးဖွားမှုနှုန် အနိမ့်ဆုံးကျဆင်းနေပေမဲ့ သေဆုံးမှုနှုန်းလည်း ကျဆင်းနေခဲ့ရာ နိုင်ငံရဲ့ လူဦးရေဟာ ၂၀၁၉ ခုနှစ်မှာ ၁.၄ ဘီလီယံ ပြည့်မြောက်လာခဲ့ပါတယ်။ ယခင်က တရုတ်လူဦးရေဟာ ၁.၃၉ ဘီလီယံ ရှိခဲ့ကြောင်းလည်း သိရပါတယ်။ တရုတ်နိုင်ငံရဲ့ ကလေးမွေးဖွားနှုန်းဟာ လူ ၁,၀၀၀ လျှင် ၁၂ ဦးဖြစ်တဲ့ အမေရိကန်အောက်လျော့နည်းနေပြီး လူ ၁,၀၀၀ လျှင် ၈ ဦးနှုန်းဖြစ်တဲ့ ဂျပန်နိုင်ငံထက် ပိုများပါတယ်။

တရုတ်အစိုးရက ၁၉၇၉ ခုနှစ်မှာ ကလေးတစ်ဦးသာ ယူခွင့်ရှိတဲ့ မူဝါဒကို သတ်မှတ်အကောင်အထည်ဖော်ခဲ့ပြီး လူဦးရေတိုးပွားမှုကို ထိန်းချုပ်ရန်ဆောင်ရွက်ခဲ့ပါတယ်။ ထိုသတ်မှတ်ချက်ကို မလိုက်နာတဲ့ မိသားစုတွေဟာ ဒဏ်ကြေးငွေပေးဆောင်ရခြင်း၊ အလုပ်အကိုင်ဆုံးရှုံးရခြင်းနဲ့ တစ်ခါတရံ အတင်းအကျပ် ကလေးဖျက်ချခံရတယ်လို့ ဆိုပါတယ်။

သို့သော် ထိုမူဝါဒက ကျား၊ မ လူဦးရေ အချိုးမညီမျှမှုကို ဖြစ်စေခဲ့ပြီး ၂၀၁၉ ခုနှစ် စာရင်းတွေအရ တရုတ်မှာ အမျိုးသားဦးရေက အမျိုးသမီးဦးရေထက် သန်း ၃၀ ကျော် ပိုများနေဆဲ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ တရုတ်အစိုးရက ထိုမူဝါဒကို ဖြေလျှော့ပေးလိုက်ပြီး စုံတွဲတစ်တွဲလျှင် ကလေးနှစ်ဦးယူခွင့်ပြုခဲ့ပါတယ်။ ထိုသို့ မူဝါဒဖြေလျှော့ပေးခဲ့ပေမဲ့လည်း တရုတ်နိုင်ငံရဲ့ ကလေးမွေးဖွားနှုန်းဟာ ဆက်လက်ကျဆင်းနေခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က