မမဒါဒါ နဲ့ စိုးပြည့်တို့က ဂုဏ်ပြု Surprise လုပ်ခဲ့ကြပါတယ်။

စန္ဒီမြင့်လွင် လွယ်ထားရတဲ့ ကိုယ်ဝန်ဟာ သမီး မိန်းကလေးဖြစ်တာကြောင့် ဇနီးမောင်နှံ နှစ်ယောက်စလုံး ဝမ်းသာပျော်ရွှင်လို့နေပါတယ်။ သူမအတွက် မမ စိုးမြတ်နန္ဒာနဲ့ ညီမလေး စိုးပြည့်သဇင်တို့ကလည်း ဂုဏ်ပြု Surprise တွေ လုပ်ပေးခဲ့ကြပါသေးတယ်။

Photo: Sandi Myint Lwin

ပထမဦးဆုံးရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရတဲ့ စန္ဒီမြင့်လွင်က သမီးလေးကို ကိုယ်ဝန်လွယ်ထားရတယ်လို့ သိလိုက်ရချိန်မှာ အပျော်ကြီးပျော်နေတာကို တွေ့ရပါတယ်။ လိုချင်နေတဲ့ သမီးဦးလေးဖြစ်တာကြောင့်လည်း အစ်မဖြစ်သူ စိုးမြတ်နန္ဒာနဲ့ ညီမဖြစ်သူ စိုးပြည့်သဇင်တို့က ဂုဏ်ပြု Surprise တွေ လုပ်ပေးခဲ့တာကို တွေ့ရပါတယ်။

''ီနေ့ဘေဘီလေး ဘာလေးလဲသိရလိမ့်မယ် မထင်ခဲ့မိဘူး တစ်ကယ့်ကို surprise ပါပဲ။ တစ်နေကုန်နူတ်ပိတ်နေတဲ့မေမေဒါ၊ တီတီဇင်၊အပင်ပန်းခံစီစဉ်ပေးတဲ့ မမခင်မမဂျာ တီတီပုံ့ပုံလှလှလေးရိုက်ပေးတဲ့မမယု၊ စပရိုက်စ်စီစဉ်သူ မေမေဒါဒါ (ကိုယ်ပူဆာတာလဲပါ)။ အားလုံးကျေးဇူးများကြီးတင်ပါတယ်လို့ မိန်းကလေးပါရှင်'' ဆိုပြီးတော့ ဇန်နဝါရီလ ၂၉ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Sandi Myint Lwin

အဲဒီနောက် စိုးမြတ်နန္ဒာကလည်း ကိုသီဟလွင်နဲ့ စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံအတွက် ဂုဏ်ပြုစကားပြောခဲ့ပါသေးတယ်။

‘’Congratulations ကိုသီဟနဲ့ ဒီဒီ လိုချင်တဲ့ ဆန္ဒလေးလည်း ပြည့်ဝသွားကြပြီ။ လာခြင်းကောင်းတဲ့ သမီးလေးမို့ နောက်ထပ်ကံကောင်းခြင်းတွေ အမြဲပိုင်ဆိုင်ရမှာပါ။ တူမလေးဆိုတာ သိရတဲ့နေ့အမှတ်တရ’’ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဇန်နဝါရီလ ၂၉ ရက်နေ့ ည ၉ နာရီ မိနစ် ၂၀ က ရေးသားခဲ့တာ တွေ့ရပါတယ်။

Photo: Sandi Myint Lwin

စိုးပြည့်သဇင်ကလည်း တူမလေး နောက်တစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရတော့မှာ ဖြစ်တဲ့အတွက် ဝမ်းသာမဆုံးဖြစ်လို့နေပါတယ်။ သူမကလည်း မမစန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံအတွက် ဂုဏ်ပြုစကား ဆက်လက်ပြောပြလာပါသေးတယ်။

‘’ကွန်ကွန်...မမဒီဒီ။ လိုချင်တဲ့သမီးလေးရလို့ ထပ်တူပျော်တယ်လို့။ အစောကြီးထဲက result ကို သိပေမယ့် ရင်တုန်အောင် မဒါနဲ့ပေါင်းပြီး ဖွက်ထားတာ’’ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဇန်နဝါရီလ ၂၉ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်က တင်ခဲ့တာဖြစ်ပါတယ်။

Photo: Soe Myat Nandar

စန္ဒီမြင့်လွင်ရဲ့ ကိုယ်ဝန်ဟာ အခုဆိုရင်တော့ ၃ လကျော်လို့ ၄ လထဲကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ သူမဟာ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ ၂၀၁၈ ခုနှစ် မတ်လ ၄ ရက်နေ့က မင်္ဂလာလက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး မတ်လ ၁၁ ရက်နေ့မှာတော့ မင်္ဂလာဧည့်ခံပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။ အိမ်ထောင်ပြုပြီးနောက်မှာလည်း ဂီတအလုပ်တွေ ဆက်လက်လုပ်ကိုင်နေတာကို တွေ့ရပါတယ်။

Share

Loading Next Article...
က္က