ရိုးမားနည်းပြ မော်ရင်ဟိုက အမ်ပိုလီကို ၇-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ စီးရီးအေပွဲမှာ လူကာကူ ဂိုးသွင်းယူနိုင်တဲ့အပေါ် သူ့ရဲ့ အမြင်ကို ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ ရိုးမားဟာ အိမ်ကွင်းမှာ အခုလိုပဲ အမ်ပိုလီကို ဂိုးမိုးရွာခဲ့ပြီး လူကာကူက တစ်ဂိုးသွင်းယူနိုင်ခဲ့တာပါ။
ရိုးမားအတွက် ဂိုးတွေကို လူကာကူ၊ ဒီဘားလား၊ ရီနာတိုဆန်းချက်စ်၊ ခရစ္စတီယန်တီ၊ မန်စီနီတို့က အသီးသီး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ရိုးမားကစားသမားတွေဟာ လူကာကူ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် လူကာကူအတွက် အားပေးတဲ့ပုံစံနဲ့ လေးလေးနက်နက် အောင်ပွဲခံခဲ့ကြပါတယ်။
ပွဲအပြီးမှာတော့ မော်ရင်ဟိုက “လူကာကူ ဂိုးသွင်းတာ ကျွန်တော့်အတွက် အရေးမကြီးပါဘူး။ တိုက်စစ်မှူးတွေအတွက်က သွင်းဂိုးတွေနဲ့ အသက်ရှင်ရတာပါ။ သူ အသင်းကိုစရောက်ကတည်းက အရာအားလုံးက အသင်းအတွက်ဖြစ်ပြီး သူ ဂိုးသွင်းသွင်း၊ မသွင်းသွင်း အရေးမကြီးပါဘူး။ ဂိုးသွင်းလို့ သူ သေချာပေါက် ပျော်မှာပါ”
“ဒါက သူ့အတွက် ပြီးပြည့်စုံတဲ့အရာဖြစ်ပြီး အထူးသဖြင့် အိမ်ကွင်းပရိသတ်တွေရှေ့မှာပေါ့။ လူကာကူက အသင်းကို မတူညီတဲ့ အရာတွေ ယူဆောင်လာခဲ့ပြီး ကျွန်တော်တို့လည်း သူ့အတွက် ဘယ်လိုကစားပေးရမလဲ လေ့လာရဦးမှာပါ။ သူကိုယ်တိုင်ကလည်း ကျွန်တော်တို့အတွက် ဘယ်လိုကစားရမယ်ဆိုတာ မသိသေးပါဘူး။ ကျွန်တော်တို့ ဒီအတွက် အချိန်ရှိပြီး ပွဲတွေကလည်း အကူအညီပေးမှာပါ”
“လူကာကူအနေနဲ့ အသင်းမှာ ပျော်ရွှင်ဖို့၊ အချစ်ခံရဖို့၊ လိုအပ်ခံရဖို့ လိုအပ်ပါတယ်။ သူ ဒီအသင်းကို ရောက်လာချိန်မှာ ချက်ချင်းဆိုသလိုပဲ သူ့လိုကစားသမားကို အသင်းက လိုအပ်နေတာ သိခဲ့ရပါတယ်။ လူကာကူက နိုင်ပွဲတွေရယူရတာကို ကြိုက်နှစ်သက်သူပါ” လို့ ပြောကြားသွားခဲ့ပါတယ်။