ဆေးရုံရဲ့ ဆေးစစ်ချက်အဖြေကို စောင့်နေတယ်လို့ သိရပါတယ်။

ခြေဖနောင့်ဒဏ်ရာကြောင့် ၇ လကြာ အနားယူနေရပြီးနောက် ပြီးခဲ့တဲ့ ဒီဇင်ဘာလအစမှာ ပြန်လည်သက်သာလာခဲ့တဲ့ ကိုစီရယ်နီကတော့ ဒဏ်ရာ ပြန်ရသွားခဲ့ပါတယ်။

ဒီကနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ အာဆင်နယ်နဲ့ မန်ယူအသင်းတို့ရဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်ရဲ့ ဒုတိယပိုင်းအစမှာ မန်ယူတိုက်စစ်မှူး လူကာကူနဲ့ထိခိုက်မိပြီး အာဆင်နယ်နောက်ခံလူ ကိုစီရယ်နီ မေးရိုးကျိုးဒဏ်ရာရသွားခဲ့တာ ဖြစ်ပါတယ်။



မန်ယူက ၂-၁ ဂိုးနဲ့နိုင်နေချိန် ဒုတိယပိုင်းအစမှာ လူကာကူကို လူကပ်ကစားရင်း လူကာကူရဲ့ နောက်ပေါက်ကန်ချက်ထိမိပြီး ကိုစီရယ်နီ လဲကျခဲ့တာပါ။ အဲ့နောက် အသင်းဆရာဝန်က ကွင်းအတွင်း ၈ မိနစ်ခန့် ဆေးကုသပေးခဲ့ရပေမယ့်လည်း ပွဲအပြီးမှာတော့ နည်းပြ အူနိုင်းအမ်မရီက မေးရိုးကျိုးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကိုစီရယ်နီအနေနဲ့ အခုမတိုင်ခင်ကလည်း ခြေဖနောင့် ဒဏ်ရာကြောင့် ၇ လကြာ အနားယူနေခဲ့ရရာမှာ ပြန်လည် သက်သာလာစရှိသေးတာလည်း ဖြစ်ပါတယ်။

“ကျိုးသွားတာ ဖြစ်နိုင်ပါတယ်။ မကျိုးဖို့တော့ မျှော်လင့်ပါတယ်။ ဒါပေမယ့်သူ ဆေးရုံးမှာ ဆေးကုသမှုခံယူနေပြီး ဘာဆက်ဖြစ်မလဲဆိုတာ မသိသေးပါဘူး။” လို့ အမ်မရီက ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာကို BBC SPORT သတင်းဌာနက ဖော်ပြထားပါတယ်။

အာဆင်နယ်အသင်းက ပွဲအပြီးမှာ ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့သလို ကိုစီရယ်နည်းတူ နောက်ထပ် နောက်ခံလူတစ်ဦးဖြစ် တဲ့ ဆိုကရာတစ်လည်း ဘယ်ဖက် ခြေကျင်းဝတ်ဒဏ်ရာကြောင့် တစ်ပတ်ခန့် အနားယူရဖို့ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်အသင်းမှာ ဒဏ်ရာပြဿနာတွေ ဆက်တိုက်ကြုံနေရကာ ပြီးခဲ့တဲ့ အပတ်ကလည်း ဟတ်တာဘယ်လာရင် ဒူးဒဏ်ရာရသွားခဲ့တာကြောင့် ကာလရှည် အနားယူနေရပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က