၆ ပွဲဆက်တိုက္ ဂိုးပေါက်ပျောက်ဆုံးနေသူဖြစ်ပါတယ်။

ချယ်လ်ဆီးကို ဒီရာသီမှာ ပေါင် ၉၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ လူကာကူဟာ အသင်းအတွက် ၆ ပွဲဆက်တိုက်ဂိုးပေါက်ပျောက်ဆုံးနေသူဖြစ်ပြီး လက်ရှိမှာတော့ ရုန်းကန်နေရပြီဖြစ်ပါတယ်။ 


ဝက်စ်ဟမ်းအသင်းရဲ့နာမည်ကျော်တိုက်စစ်မှူးဟော်းပေါ်လိုဒီကာနီယာက ချယ်လ်ဆီးတိုက်စစ်မှူးလူကာကူဟာ ပျင်းရိငြီးငွေ့စရာကောင်းပြီး ထုံထိုင်းတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ချယ်လ်ဆီးကို ဒီရာသီမှာ ပေါင် ၉၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ လူကာကူဟာ အသင်းအတွက် ၆ ပွဲဆက်တိုက်



ဂိုးပေါက်ပျောက်ဆုံးနေသူဖြစ်ပြီး လက်ရှိမှာတော့ ရုန်းကန်နေရပြီဖြစ်ပါတယ်။ 

အာဆင်နယ်နဲ့ကစားခဲ့တဲ့ သူ့ရဲ့ ချယ်လ်ဆီးကစားသမားဘဝ ဒုတိယမြောက်အချိန်မှာ လူကာကူ ဂိုးသွင်းနိုင်ခဲ့ပြီး အစကောင်းခဲ့ပေမယ့် အခုအခါမှာတော့ ခြေစွမ်းကျဆင်းလာခဲ့တာဖြစ်ပါတယ်။ ဒီကာနီယိုက လူကာကူရဲ့ ကစားဟန်ကို ဝေဖန်ပြစ်တင်မှုတွေပြုလုပ်ခဲ့ပြီး ချယ်လ်ဆီးရဲ့ အပြစ်မဟုတ်ဘဲ ကစားသမားရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့သာ သက်ဆိုင်တယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။ 

"လူကာကူကို နာပိုလီတိုက်စစ်မှူးဗစ်တာအော့ဆင်ဟမ်နဲ့ ခိုင်းနှိုင်းနေတာတွေကို ကျွန်တော်ကြားရတယ်၊ ဒါပေမယ့် အော့ဆင်ဟမ်က ကွဲပြာခြားနားတဲ့စိတ်ဓာတ်ပိုင်းရှိပါတယ်၊ သူက လူကာကူလို ထုံထိုင်းမနေဘူး၊ အခက်အခဲတွေ ပိုများလာချိန်မှာ ချယ်လ်ဆီးအတွက် သူ ဂိုးမသွင်းနိုင်တာ ၅ ပွဲတောင်ရှိခဲ့တယ်၊ ဒါက အသင်းရဲ့အပြစ်မဟုတ်ပါဘူး၊ သူ့ရဲ့သွင်းဂိုးတွေမပါလည်း ချယ်လ်ဆီးက အဆင့်တစ်မှာ ရှိနေမှာပဲ"

"လူကာကူက ကစားနည်းတစ်မျိုးတည်းနဲ့ပဲ သင့်တော်တဲ့ကစားသမားမျိုးပါ၊ ဒါပေမယ့် ပျင်းရိငြီးငွေ့ချင်စရာကောင်းတဲ့ တိုက်စစ်မှူးမျိုးဖြစ်နေပါတယ်" လို့ ဒီကာနီယိုက Sky Sports ကတဆင့် ပြောဆိုသွားခဲ့ပါတယ်။ ဘရန်ဖို့ဒ်နဲ့ပွဲအပြီးမှာ ချယ်လ်ဆီးနည်းပြတူချယ်လ်ကတော့ သူ့ရဲ့ကစားသမားဘက်က ကာကွယ်မှုတွေပြုလုပ်ခဲ့ကာ လူကာကူရဲ့ လက်ရှိပုံစံအတွက် စိုးရိမ်မှုမရှိဘူးလို့ ဆိုခဲ့ပါတယ်။ 

"သူ နည်းနည်းမောပန်းနေပုံရပါတယ်၊ လူကာကူနဲ့ ၀ါနာတို့နှစ်ဦးစလုံးက ဖိအားတွေအောက်ကနေ လွတ်အောင်လုပ်ရာမှာ အားနည်းခဲ့ကြတာပါ၊ ဒါက ပြသနာဖြစ်ခဲ့တာပါ၊ ကျွန်တော့်ဘက်ကတေ့ာ ဘာမှမစိုးရိမ်ပါဘူး" လို့ တူချယ်လ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က