လူကာကူကို မန်စီးတီးတို့ ခေါ်ယူဖို့ အသည်းအသန်စိတ်ဝင်စားခဲ့ဖူးတာပါ။

အေးဂျင့် ဖက်ဒရီကိုပတ်စ်တိုရယ်လိုက သူ့ရဲ့ကစားသမား လူကာကူကို မန်စီးတီးတို့ အသည်းအသန် ခေါ်ချင်ခဲ့တဲ့အကြောင်း ဖွင့်ဟပြောကြားလာပါတယ်။ လူကာကူဟာ ပြီးခဲ့တဲ့နွေရာသီမှာ အင်တာမီလန်ကနေ ချဲလ်ဆီးကို ပြောင်းရွှေ့ကြေး ပေါင် (၉၈) သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဒဏ်ရာကြောင့် အနားယူနေရတာပါ။



ဒီလိုမျိုး လူကာကူနဲ့ပတ်သက်လို့ ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ မန်စီးတီးက ပြီးခဲ့တဲ့ (၂၀၂၀) မှာ အသည်းအသန်ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့အကြောင်း ကစားသမားရဲ့အေးဂျင့်က အခုလိုပဲ ဖွင့်ဟပြောကြားလာပါတယ်။ ဖက်ဒရီကိုက “ဒီနှစ်မတိုင်ခင် ရှေ့နှစ်က မန်စီးတီးတို့ လူကာကူကို ခေါ်ဖို့ ကြိုးစားခဲ့ပါတယ်”

“အဲ့ဒီအချိန်က ကိုဗစ်ကာလပါ။ ဒါပေမယ့် အရာရာက အရမ်းကိုရှုပ်ထွေးခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ တစ်နေရာကနေ တစ်နေရာကို လေယာဥ်ပျံစီးပြီး လူတွေနဲ့ သွားတွေ့ဖို့ ကြိုးစားရတာကြောင့်ပါ။ စစချင်းတော့ မန်စီးတီးတို့ လူကာကူကို ခေါ်ယူဖို့ ခိုင်ခိုင်မာမာနဲ့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ စိတ်ကူးပြောင်းသွားတာလား ဒါမှမဟုတ် သူတို့ခေါ်ဖို့ အဆင်သင့်မဖြစ်တော့တာလား မသိပါဘူး”

“ရိုးရိုးသားသားပြောရရင် ပထမတစ်နှစ် နောက်ပိုင်းမှာ တော်တော်ခက်ခဲခဲ့ပါတယ်။ လူကာကူက အင်တာမီလန်နဲ့ အမှတ်ပေးချန်ပီယံဆု လိုချင်ခဲ့ပေမယ့် မရခဲ့ပါဘူး။ ပြီးခဲ့တဲ့ရာသီမှာ အမှတ်ပေးဖလားရခဲ့ပေမယ့် မန်စီးတီးကတော့ ဟာရီကိန်းကိုပဲ အာရုံစိုက်ခေါ်ဖို့ ကြိုးစားခဲ့ပါတယ်” လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။

လူကာကူကိုပြန်လည်ခေါ်ယူတဲ့အပေါ် ချဲလ်ဆီးပရိသတ်အချို့က မကျေမနပ်ဖြစ်ခဲ့ပြီး လူကာကူကတော့ ချဲလ်ဆီးကို ပြန်ရောက်ရောက်ချင်းမှာ ဂိုးသွင်းခြေစွမ်းပြနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လူကာကူ တစ်ယောက် (၇) ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့ပြီး မာလ်မိုနဲ့ ချန်ပီယံလိဂ်ပွဲမှာတော့ ခြေကျင်းဝတ်လည်သွားတဲ့ဒဏ်ရာကြောင့် အနားယူနေရတာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က