အာဆင်နယ်ကစားသမားဟောင်းနဲ့ လက်ရှိမှာလည်း ပရိသတ်တဦးအဖြစ် အခိုင်အမာရှိနေတဲ့ ပေါလ်မာဆွန်က လာမယ့်ရာသီအတွက် လူကာကူကို ခေါ်ယူဖို့အတွက် အသင်းဟောင်းကို တိုက်တွန်းလိုက်ပါတယ်။ အာဆင်နယ်ကတော့ မန်စီးတီးကို အမှတ်တွေဖြတ်ကာ ဦးဆောင်ခဲ့ပြီးမှ အမှတ်ပေးဖလားကို လက်လွှတ်ခဲ့ရပြီး စိတ်ပျက်ဖွယ်ရာသီကို ရင်ဆိုင်ခဲ့ရပါတယ်။
အာဆင်နယ်နဲ့အတူ အမှတ်ပေးဖလားကို ၂ ကြိမ်ရရှိခဲ့ဖူးတဲ့ ပေါလ်မာဆွန်က အသင်းတိုက်စစ်ပိုင်းက အရေးအကြောင်းမှာ ဂိုးမသွင်းနိုင်တဲ့ ပြသနာကို ဖြေရှင်းနိုင်ဖို့အတွက် လူကာကူကို ခေါ်ယူဖို့ တိုက်တွန်းခဲ့တာပါ။ လူကာကူကတော့ အင်တာမီလန်မှာ အငှားနဲ့ကစားနေပြီး ရာသီကုန်ရင် ချယ်လ်ဆိးကို ပြန်လာရမှာဖြစ်ကာ အင်တာကလည်း သူ့ကို ခေါ်ယူမှာမဟုတ်သလို ချယ်လ်ဆီးကလည်း ရောင်းချချင်နေတာဖြစ်ပါတယ်။
"တရာသီကို ၂၅ ဂိုးလောက် သွင်းယူပေးမယ့် တိုက်စစ်မှူမျိုးပေါ့၊ ဂျီးဆပ်ဆီကနေ အဲဒါက ရမှာမဟုတ်ပါဘူး၊ သူက အရမ်းကောင်းတဲ့ ကစားသမားပါ၊ ဒါပေမယ့်လည်း လိုအပ်တဲ့သွင်းဂိုးတွေကို သူ့ဆီကနေ ရနိုင်မှာမဟုတ်ဘူး၊ လူကာကူဆိုရင် ဖြစ်နိုင်ပါတယ်၊ သူက out and out ဗဟိုတိုက်စစ်မှူးတဦးပါ၊ သူက တိုက်စစ်မှာပဲ နေပြီးတော့ အာဆင်နယ်ကို ကူညီနိုင်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။
ဂျီးဆပ်ကတေ့ ဒီရာသီမှာ လိဂ်ပွဲ ၂၅ ပွဲကစားပြီး ၁၀ ဂိုးသင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒူးဒဏ်ရာကြောင့် သူ အနားယူခဲ့ရပြီး အာဆင်နယ်တိုက်စစ်ပိုင်းဟာ အန်ကီတီယာနဲ့ ဆာကာတို့ကို မှီခိုနေခဲ့ရပါတယ်။ လူကာကူကတော့ အင်တာမီလန်မှာ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်အတွေ့အကြုံရင့် တိုက်စစ်မှူးဖြစ်ပါတယ်။