လူကာကူက အပိုင်အခွင့်အရေးတွေကို ဖြုန်းတီးပစ်ခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ဘယ်လ်ဂျီယံနဲ့ ဆလိုဗက်ကီးယားတို့ရဲ့ ယူရိုအုပ်စုပွဲမှာတော့ ဆလိုဗက်ကီးယားက တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဆလိုဗက်ကီးယားအတွက်​ ဂိုးကို ပွဲကစားချိန် (၇) မိနစ်မှာ ရှရန်ဇ်က သွင်းယူပေးခဲ့တာပါ။



ဒီဂိုးမှာ ဘယ်လ်ဂျီယံတောင်ပံကစားသမား ဒိုကူ ကိုယ့်ဂိုးဧရိယာနားမှာ လူပေးမှားတာကနေ အစပြုပြီး ပေးလိုက်ရတာဖြစ်ပါတယ်။ အဲ့ဒီမတိုင်ခင်ကတည်းက ဘယ်လ်ဂျီယံတို့ ဦးဆောင်ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် လူကာကူက အပိုင်အခွင့်အရေးတစ်ကြိမ်ကို အသုံးမချနိုင်ခဲ့ပါဘူး။

ဒီပွဲမှာ လူကာကူက ဘယ်လ်ဂျီယံအတွက် အပိုင်အခွင့်အရေး (၃) ကြိမ်ထက်မနည်းကို ဖြုန်းတီးပစ်ခဲ့တာပါ။ ဒါ့အပြင် ဂိုးရနိုင်တဲ့ အခြားသော အခွင့်အရေးတွေမှာလည်း တိုက်စစ်မှူးတစ်ယောက်လို့ ပြောရင်တောင် မယုံနိုင်တဲ့ ပုံစံမျိုးနဲ့ အလွဲလွဲအချော်ချော် လုပ်ခဲ့ပါတယ်။

လူကာကူအနေနဲ့ ဒီပွဲမှာ နှစ်ဂိုးသွင်းနိုင်ခဲ့သေးပေမယ့်လည်း တစ်ဂိုးက လူကျွံဘော၊ တစ်ဂိုးက လက်ထိဘောဖြစ်ခဲ့တာကြောင့်လည်း ဘယ်လ်ဂျီယံအတွက်ရော၊ လူကာကူအတွက်ပါ နစ်နာခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ ဘယ်လ်ဂျီယံတို့ ၀-၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး အုပ်စုက လွတ်မြောက်ဖို့အတွက် ရုန်းကန်ရတော့မှာပါ။

ဘယ်လ်ဂျီယံဟာ အုပ်စုအဆင့်မှာ ယူကရိန်း၊ ရိုမေးနီးယားတို့နဲ့ ထိပ်တိုက်တွေ့နေတာပါ။ ယူကရိန်းကလည်း အမှတ်လိုအပ်လာသလို ရိုမေးနီးယားကလည်း ခြေစွာနေတာကြောင့် ဘယ်လ်ဂျီယံတို့ အခက်တွေ့နိုင်ခြေရှိပါတယ်။

Share

Loading Next Article...
က္က