ယူနိုက်တက်တို့ ကစားသမားသစ်နှစ်ယောက်ကို တရက်အတွင်းသဘောတူညီမှုယူခဲ့တာပါ။

ယူနိုက်တက်ဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့အတွက် ကစားသမားသစ်ခေါ်ယူမှုတွေကို ခပ်စိတ်စိတ်ပြုလုပ်လာခဲ့ပြီဖြစ်ပြီး မာလာစီယာနဲ့ဖရန်ကီဒီဂျောင်တို့နှစ်ယောက်ကို ရာသီကြိုခြေစမ်းပွဲအတွက် အသင်းလူစာရင်းမှာ ထည့်သွင်းသွားဖို့ နည်းပြ တန်ဟက်ခ်က ပြင်ဆင်နေပါတယ်။



ဒီကစားသမားနှစ်ယောက်လုံးအတွက် မနေ့ကပဲ သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး ဖရန်ကီဒီဂျောင်အတွက် ယူရို (၆၅) သန်း၊ မာလာစီယာအတွက် ယူရို (၁၅) သန်း ကနဦးပြောင်းရွှေ့ကြေးတွေအဖြစ် ပေးချေရမှာပါ။ မန်ချက်စတာညနေခင်းသတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီကစားသမားနှစ်ယောက်လုံးက နယ်သာလန်နဲ့အတူ နေးရှင်းလိဂ်ပွဲကစားထားတာကြောင့် လက်ရှိအချိန်အထိ အားလပ်ရက်ယူနေဆဲဖြစ်ပြီး အဲ့ဒီနောက်မှာမှ ဆေးစစ်မှုတွေ ဆက်လက်ပြုလုပ်ပြီး အပြောင်းအရွှေ့ကို အပြီးသတ်မယ်လို့ သိရပါတယ်။

တန်ဟက်ခ်စိတ်ကြိုက် ဖီယင်နု နောက်ခံအစွန်လူ မာလာစီယာအတွက် ယူနိုက်တက်က လိုင်ယွန်ဆီကနေ ဖြတ်လုခဲ့တာဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း ယူနိုက်တက်ကို ရွေးချယ်ခဲ့တာကြောင့် ယူနိုက်တက်တို့ ချက်ချင်းဆိုသလို ကစားသမားသစ်နှစ်ယောက် သေချာသွားခဲ့တာပါ။

ဒါပေမယ့် ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့က ဒီလောက်နဲ့ ရပ်တန့်ဦးမှာမဟုတ်ဘဲ ဘရန့်ဖို့ဒ်ကွင်းလယ်လူ အဲရစ်ဆင်၊ အေဂျက်စ်က အန်တိုနီနဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့ကို ဆက်လက်ကြိုးစားသွားမယ်လို့ သိရပါတယ်။ ယူနိုက်တက်သတင်းရင်းမြစ်ရဲ့အဆိုအရ အသင်းက လက်ရှိအချိန်အထိ တန်ဟက်ခ်လိုချင်တဲ့ ကစားသမားတွေကို မငြင်းဆန်ဘဲ အရခေါ်ယူပေးခဲ့တာဖြစ်ပါတယ်။

အလွတ်ပြောင်းရွှေ့ကြေးနဲ့ရမယ့် အဲရစ်ဆင်ကို မန်ချက်စတာလာဖို့ ယူနိုက်တက်တို့ စည်းရုံးသိမ်းသွင်းဖို့ လိုအပ်ပြီး အန်တိုနီ၊ လီဆန်ဒရိုမာတီနက်ဇ်တို့အတွက်တော့ အေဂျက်စ်တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၁၀) ဝန်းကျင် အသုံးပြုရင် ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ညာနောက်ခံလူနေရာက ဝမ်ဘစ်ဆာကာ၊ ဘရန်ဒမ်ဝီလီယံစ်တို့ကို ရောင်းထုတ်ဖို့ ပြင်ဆင်ထားပေမယ့် မာလာစီယာ ရောက်ရှိလာတာကြောင့် ဘယ်နောက်ခံလူနေရာက အဲလက်စ်တဲလက်စ်အတွက် အနာဂတ်မရေမရာဖြစ်စေခဲ့ပါတယ်။ 

Share

Loading Next Article...
က္က